ယဇ်ပုရောဟိတ် နှုတ်ခမ်းသည် ပညာကိုစောင့်ရမည်

ယဇ်ပုရောဟိတ် နှုတ်ခမ်းသည် ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ အကြောင်းမူကား၊ သူသည်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။
သင်တို့မူကား၊ လမ်းလွှဲကြပြီ။ လူများတို့သည့် တရားတော်ကိုထိမိ၍ လဲစေခြင်းငှါပြုကြပြီ။ လေဝိအမျိုးနှင့် ဖွဲ့သော ပဋိညာဉ်ကိုဖျက်ကြပြီဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ

ဘုရား မိန့်တော်မူ၏။
သို့ဖြစ်၍၊ သင်တို့သည် ငါ့လမ်းတို့ ကိုမလိုက်၊ တရားအမှုတွင် လူမျက်နှာကိုထောက်သောကြောင့် လူခပ်သိမ်းတို့သည် သင်တို့ကိုမထိမဲ့မြင်ပြု၍၊ ရှုတ်ချစေခြင်းငှါ ငါစီရင်မည်။
ခပ်သိမ်းသောငါတို့၌ တပါးတည်းသောအဘရှိသည်မဟုတ်လော့။ တပါးတည်းသောဘုရား သခင်သည် ငါတို့ကိုဖန်ဆင်းတော်မူသည်မဟုတ်လော့။ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကိုရှုတ်ချ၍၊ ငါတို့သည် အဘယ် ကြောင့် တယောက်ကိုတယောက်သစ္စာဖျက်ကြသနည်း။မာလခိအနာဂတ္တိကျမ်း ၂း၇း၁၀

ဤလူမျိုးတို့သည် ပုန်ကန်တတ်၏။ ဖောက်ပြန်သောအမျိုးသား ထာဝရဘုရား၏ တရားကိုနာယူခြင်းငှာ အလိုမရှိသောအမျိုးသာ ဖြစ်ကြ၏။
သူတို့ကလည်း ဗျာဒိတ်တော်ကို မခံပါနှင့် ဟု ဗျာဒိတ်ခံသောသူများအားင်း မှန်သောစကားကို ငါတို့အားမဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ပြောကြပါ။
လမ်းလွှဲကြပါ။ မှန်သောလမ်းကို ရှောင်ကြပါ။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အား၎င်း ဆိုတတ်ကြ၏။ဟေရှာယအနာဂတ္တိကျမ်း ၃၀း၉း၁၁

သင်သည်လည်း ပြိုပျက်သောမြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာ လမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကိုခံရလိမ့်မည်။ သင်သည်ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သောနေ့မှာ ကိုယ်အလိုသူ့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သော နေ့ဟူ၍ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကိုမပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင်၊
သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာမြင့်သော အရပ်တို့ကိုငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။ဟေရှာယအနာဂတ္တိကျမ်း ၅၈း၁၃း၁၄

အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသြဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။
သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။
သင်မူကား၊ အရာရာ၌ သမ္မာသတိ ရှိစေလော့။ ဆင်းရဲဒုက္ခ ကိုသည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသော အမှုကိုဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ပြု ရသောဝတ်များကိုအကုန်အစင်ပြုလော့။တိမောသေသြဝါဒစာဒုတိယစောင် ၃း၃း၅

အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ် ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။
ဤအမှုသည် အံ့သြ ဘွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။
သို့ဖြစ်၍ သူ၏ ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ် ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကို ခံရကြလတံ့။ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၁း ၁၃း၁၅

သူတို့က၊သေလွန်သောသူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍၊ အချို့သောသူတို့၏ ယုံကြည်ခြင်းကိုမှောက်လှန်တတ်ကြ၏။
သို့သော်လည်း၊၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ ဟူ၍၎င်း၊ သခင်ဘုရား၏ နာမတော်ကို ဝန်ခံသောသူ မည်သည်ကား၊ မတရားသောအမှုကို ရှောင်ရမည်ဟူ၍၎င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ် သည် ခိုင်ခံ့၍တည်၏။တိမောသေသြဝါဒစာဒုတိယစောင် ၂း၁၈း၁၉

ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏

The Ten Commandments Today the Decalogue is being forcibly removed from schools, government institutions and other public places. Havi...