ကောင်းကင်တမန်သုံးပါးတို့ ၏သတင်းစကား


      

 ၁။ ဗျာဒိတ် ၁၄း၁၄ တွင် ဘာအကြောင်းကြီးကိုပြောသနည်း။
တဖန်ငါကြည့်လျှင် ဖြူသောမိုးတိမ်ရှိ၏။လူသားတော်နှင့်တူသောသူသည် ခေါင်းတော်၌ ရွှေသရဖူကိုဆောင်း
လျှက်ထက်သောတံစဉ်ကို ကိုင်လျှက် မိုးတိမ်ပေါ်မှာထိုင်တော်မူ၏။ ဗျာဒိတ်ကျမ်း ၁၄း၁၄။
 ကောင်းကင်တမန်တပါးသည် ဗိမာန်တော်ထဲကထွက်၍ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကိုရိတ်တော်မူ
ပါ။ရိတ်ရသောအချိန်ရောက်ပါပြီ။မြေကြီး၌ရိတ်စရာစပါးမှည့်ပါပြီဟုမိုဃ်းတိမ်ပေါ်မှာထိုင်သောသူကိုကြီးသော
အသံနှင့်ဟစ်လေ၏။မိုဃ်းတိမ်ပေါ်မှာထိုင်သောသူသည်မိမိတံစဉ်ကိုမြေကြီး၌သွင်း၍မြေကြီး၏စပါးကိုရိတ်
တော်မူ၏။ကောင်းကင်တမန်တပါးသည်ကောင်းကင်ဘုံ၌ရှိသောဗိမာန်တော်ထဲကထွက်၍သူ၌လည်းထက်
သောတံစဉ်ပါ၏။မီးကိုအစိုးရသောကောင်းကင်တမန်တပါးသည်ယဇ်ပုလ္လင်ထဲကထွက်၍ထက်သောတံစဉ်ပါ
သောသူကိုကြီးစွာသောကြွေးကြော်ခြင်းနှင့် ခေါ်လျှက်သင်၏ထက်သောတံစဉ်ကိုလွှတ်၍မြေကြီး၏စပျစ်သီး
ပြွတ်တို့ကိုရိတ်လော့။အသီးမှည့်ပြီဟုပြောဆို၏။ကောင်းကင်တမန်သည်လည်းမိမိတံစဉ်ကိုမြေကြီး၌သွင်း၍
မြေကြီး၏စပျစ်သီးကိုရိတ်ပြီးမှ ဘုရားသခင်၏အမျက်တော်တည်းဟူသောနယ်ရာတန်ဆာကြီးထဲသို့ချလေ
၏။ မြို့ပြင်၌နယ်ရာတန်ဆာကိုဖိနင်း၍အသွေးသည်တဆယ်ခြောက်ယူဇနာခရီးတလျှောက်လုံး၌မြင်းဇက်
ကြိုးကိုမှီသည်တိုင်အောင်နယ်ရာတန်ဆာထဲကထွက်လေ၏။ ဗျာဒိတ်ကျမ်း ၁၄း၁၅-၂၀။

၂။  လူသားသည်ကြွလာတော်မမူမီ လောကီသားအပေါင်းတို့အား ဘာသတင်းတရားများဟောကြားကြ
မည်နည်း။
အဖြေ။ ကောင်းကင်တမန်သုံးပါးတို့၏သတင်းတရားများဟောရမည်။
မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးသီးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းတို့အား
ထာဝရဧ၀ံဂေလိတရားကိုဟောရသောကောင်းကင်တမန်ပါးက၊ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။
တရားစီရင်တော်မူသောအချိန်ရောက်လြာ့ပီ။ကောင်းကင်မြေကြီး၊သမုဒ္ဒရာ နှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်း
တော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟု၊ကြီးသောအသံနှင့်ပြောဆို၍ကောင်းကင်အလယ်၍ပျံဝဲလျှက်ရှိ
သည်ကိုငါမြင်၏။ကောင်းကင်တမန်တပါးကလည်းဗာဗုလုန်မြို့ကြီးပြိုလဲပြီ။မိမိမတရားသောမေထုန်၏အဆိပ်
အတောက်တည်းဟူသောစပျစ်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးသောဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု
လိုက်၍ပြောဆို၏။ထိုမှတပါး တတိယကောင်းကင်တမန်ကအကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုးကွယ်
၍သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေလက်၌ခံသည်ဖြစ်စေ၊ထိုသူသည်ဘုရားသခင်၏ဒေါသဖလား
၌လောင်းသောအမျက်တော်စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်။သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊
သိုးသူငယ်ရှေ့တွင်၊ကန့်နှင့်ရောသောမီးထဲမှာပြင်းစွာသောညဉ်းဆဲခြင်းကိုခံရလိမ့်မည်။ထိုညဉ်းဆဲခြင်း၏မီး
ခိုးသည်ကမ္ဘာအဆက်ဆက်တက်လျှက်ရှိ၏။သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏နာမတံဆိပ်လက်မှတ်
ကိုခံသောသူတို့သည်နေ့ည၌မပြတ်သက်သာမရဟုလိုက်၍ကြီးသောအသံနှင့်ပြောဆို၏။ဘုရားသခင်၏
ပညတ်တို့ကို၎င်း၊ယေရှု၏ယုံကြည်ခြင်းက်ု၎င်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာကိုသည်း
ခံစရာအကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၆-၁၂။
ဤသတင်းတရားသည်ခရစ်တော်ဒုတိယအကြိမ်မပေါ်ထွန်းမီကာလ၌နောက်ဆုံးသတင်းတရားဖြစ်သည်။
ထို့ကြောင့်ကိုယ်တော်ကြွလာတော်မူသောအခါအသက်ရှင်လျှက်ရှိနေသောသူတို့သည်၎င်းးသတင်းတရား
များကိုအထူးသတိပြု၍ဂရုစိုက်ပြီးလျှင်လေ့ကျက်အပ်ကြရသည်။

၃။  ပထမကောင်းကင်တမန်သည်ဘာသတင်းကိုကြော်ငြာသနည်း။
 မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးသီးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းတို့အား
ထာဝရဧ၀ံဂေလိတရားကိုဟောရသောကောင်းကင်တမန်ပါးက၊ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။
တရားစီရင်တော်မူသောအချိန်ရောက်လြာ့ပီ။ကောင်းကင်မြေကြီး၊သမုဒ္ဒရာ နှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်း
တော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟု၊ကြီးသောအသံနှင့်ပြောဆို၍ကောင်းကင်အလယ်၍ပျံဝဲလျှက်ရှိ
သည်ကိုငါမြင်၏။ဗျာဒိတ်ကျမ်း ၁၄း၆-၇။

၎။  ဘုရားသခင်သည်တရားစစ်ကြောစီရင်မည့်အချိန်ကိုချိန်းချက်တော်မူသလော။
အကြောင်းမူကားခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကိုဖြောင့်မတ်ခြင်းတရားနှင့်ညီလျှော်စွာ
စစ်ကြောစီရင်မည့်နေ့ရက်ကိုချိန်းချက်တော်မူပြီ။ထိုသူကိုသေခြင်းမှထမြောက်စေတော်မူသောအားဖြင့်
ခပ်သိမ်းသောလူတို့အားယုံလောက်သောသက်သေကိုပြတော်မူပြီ။တမန်တော်ဝတ္ထု ၁၇း၃၁။

၅။ ခ၇စ်တော်ကြွလာတော်မူသောအခါ မည်သူဆုံးရှုံးမည်၊မည်သူကယ်တင်ခြင်းရမည်ဟူသောတရားစီရင်
ခြင်းသည်ပြီးစီးမည်လော။
မတရားသောသူသည်မတရားသဖြင့်ပြုစေဦး။ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ဖြောင့်မတ်သောသူ
သည်ဖြောင့်မတ်စေဦး။သန့်ရှင်းသောသူသည်သန့်ရှင်းစေဦး။ငါသည်အလျှင်အမြန်လာမည်။ငါသည်အကျိုး
အပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍လူအသီးသီးတို့အားမိမိတို့အကျင့်အတိုင်းဆပ်ပေးမည်။ဗျာဒိတ်ကျမ်း၂၂း၁၁-၁၂။
မှတ်ချက်။  ။ ဗျာဒိတ် ၁၄း၆-၇ တွင် တရားစီရင်ခြင်းနှင့်ကောင်းကင်သန့်ရှင်းရာဌာနကိုဆေးကြောသုတ်သင်
ခြင်းအကြောင်းတို့သည်တပါးတည်းဖြစ်သည်။(အခန်း၄၁ တွင်သန့်ရှင်းရာဌာနနှင့်ဝတ်ပြုခြင်းအကြောင်း
ကြည့်ရန်)။ကောင်းကင်တမန်သည်ဒံယေလအားရက်ပေါင်း၂၃၀၀ပြီးမှ သန့်၇ှင်းရာဌာနကိုဆေးကြောသုတ်
သင်မည်ဟုပြောသည်။(ဒံယေလ၈း၁၄)ဤရက်ပေါင်း၂၃၀၀(နှစ်ပေါင်း၂၃၀၀သည် ခရစ်တော်မပေါ်ထွန်းမီ
သက္ကရာဇ်၄၅၇ ခုနှစ်မှစ၍ခရစ်တော်ပေါ်ထွန်းပြီးသည့်နောက်သက္ကရာဇ်၁၈၄၄ တွင်ဆုံးသည်။(ဒံယေလ
အခန်း၁၇တွင် ရက်ပေါင်း၂၃၀၀ အကြောင်းကြည့်ရန်)သက္ကရာဇ်၁၈၄၄ခုနှစ်ကစ၍ဗျာဒိတ်ကျမ်း၁၄း၆-၇ တွင် ပထမကောင်းကင်တမန်၏သတင်းတရားသည်ဟောပြောစပြုသောအချိန်ရောက်သည်။ကမ္ဘာပေါ်တွင်
ရှိအရပ်ရပ်တို့၌ ဤသတင်းတရားကိုဘာသာစကားအမျိုးမျိုးအားဖြင့်ယခုတိုင်ဟောပြောနေသောကြောင့်
သက်သေများစွာရှိကြ၍၎င်းင်းနှင့်ဆိုင်သောအနာဂတ္တိကျမ်းသည်ပြည့စုံခြင်းသို့ရောက်လေပြီ။

၆။  ဒုတိယကောင်းကင်တမန်သည်ဘာသတင်းစကားကိုကြားပြောသနည်း။
ကောင်းကင်တမန်တပါးကလည်းဗာဗုလုန်မြို့ကြီးပြိုလဲပြီ။မိမိမတရားသောမေထုန်၏အဆိပ်
အတောက်တည်းဟူသောစပျစ်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးသောဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု
လိုက်၍ပြောဆို၏။ဗျာဒိတ်ကျမ်း ၁၄း၈။
မှတ်ချက်။  ။ဗာဗုလုန်အဓိပ္ပါယ်၊ရှုပ်ထွေးခြင်း။ယခုခေါ်ကြသော ခရစ်ယာန်အသင်းတို့သည်တစ်လုံးတဝ
တည်းမဟုတ်၊ခရစ်တော်နောက်တော်ကိုလိုက်နေသော အသင်းသားများဟူ၍ဆိုကြသော်လည်းလောက
နှင့်ပူးတွဲလျှက်နေကြသည်။ခရစ်တော်နှင့်လက်တပ်သည်ဟူ၍ဆိုစဉ်တွင်လောကီနှင့်မတရားသောမေထုန်
ပြုသောကြောင့်ဒုတိယကောင်းကင်တမန်သတင်းတရားသည်ဘုရားသခင်၏ကြောက်မက်ဖွယ်ဖြစ်သော
(ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ) ဟူ၍ခြိမ်းခြောက်ခြင်းကိုကြော်ငြာသည်။ဗျာဒိတ် ၁၇း၅ ၌ ဗာဗုလုန်မြို့သည်ပြည့်
တန်ဆာတို့၏အမိဟုခေါ်သည်။၎င်းးအခန်းကြီးကိုသတိနှင့်ဖတ်ပါလျှင်ဗာဗုလုန်မြို့ကြီးသည် ရောမပုပ်ရဟန်း
မင်းကြီး၏အသင်းဖြစ်၍၊၎င်းမှဖွားသောသမီးတို့သည်ရောမအသင်းထဲကထွက်ခွါကြသော်လည်းလောကနှင့်
မတရားသောမေထုန်ပြုခြင်းမကင်းသောအသင်းများဖြစ်ကြသည်။
ပေတရုသည် ဗာဗုလုန်မြို့ဟောင်းသို့ တစ်ခါမျှမရောက်စဖူး၊သို့သော်ငါ့သားမာကုမှစ၍ဗာဗုလုန်၌ရှိသောသင်
တို့နှင့်အတူရွေးချယ်တော်မူသောအသင်းတော်သည်သင်တို့ကိုနှုတ်ဆက်ကြ၏ ဟုရောမမြို့ကရေးသည်။
(ရှင်ပေတရုသြ၀ါဒစာပထမစောင် ၅း၁၃။ ၎င်းရောမမြို့၌ရှိသောအသင်းတော်ကိုဗာဗုလုန်မြို့၌ရှိသောအသင်း
တော်ဟူ၍ခေါ်သည်။)

၇။  တတိယကောင်းကင်တမန်၏သတင်းစကားကား အဘယ်သို့နည်း။
ထိုမှတပါး တတိယကောင်းကင်တမန်ကအကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုးကွယ်
၍သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေလက်၌ခံသည်ဖြစ်စေ၊ထိုသူသည်ဘုရားသခင်၏ဒေါသဖလား
၌လောင်းသောအမျက်တော်စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်။သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊
သိုးသူငယ်ရှေ့တွင်၊ကန့်နှင့်ရောသောမီးထဲမှာပြင်းစွာသောညဉ်းဆဲခြင်းကိုခံရလိမ့်မည်။ထိုညဉ်းဆဲခြင်း၏
မီးခိုးသည်ကမ္ဘာအဆက်ဆက်တက်လျှက်ရှိ၏။သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏နာမတံဆိပ်လက်
မှတ်ကိုခံသောသူတို့သည်နေ့ည၌မပြတ်သက်သာမရဟုလိုက်၍ကြီးသောအသံနှင့်ပြောဆို၏။ဘုရားသခင်၏
ပညတ်တို့ကို၎င်း၊ယေရှု၏ယုံကြည်ခြင်းက်ု၎င်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာကိုသည်းခံစရာ
အကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၉-၁၂။
မှတ်ချက်။  ။ဤသားရဲသည် ဗျာဒိတ်၁၃း၁-၂ ၌ဖေါ်ပြသည်။ဤသားရဲသည်ပါပ ရဟန်းမင်းကြီးအသင်းဖြစ်
ကြောင်းကျမ်းဆရာများတို့ကသဘောတူကြသည်။ကျားသစ်၊ကျားရဲအကြောင်းအနာဂတ္တိစကားများတို့သည်
ပုပ်ရဟန်းအသင်းအားဖြင့်ပြည့်စုံသည်။သားရဲတံဆိပ်တည်းဟူသောပုပ်ရဟန်းမင်းကြီးတံဆိပ်အကြောင်း
ကိုတတိယကောင်းကင်တမန်၏သတင်းတရားသည်လူအပေါင်းတို့အားသတိပေးနှိုးဆော်သည်။ ထိုပုပ်
ရဟန်းမင်းကြီးအသင်းသည်စတုတ္ထ ပညတ်တော် ဥပုသ်နေ့နေရာတွင် တနင်္ဂနွေနေ့၌ကိုးကွယ်ဝတ်ပြု
ရန်ခရစ်ယာန်အသင်းများတို့အထဲမှာထားခြင်းသည်မိမိတန်ခိုး၏လက္ခဏာ တံဆိပ်ဖြစ်သည်ဟူ၍ကြိမ်းပ
ပြောဆိုသည်။ရောမဗရင်၈ျီအသင်းကထုတ်သောဒူးဝေးဓမ္မ အမေးအဖြေစာအင်္ဂလိပ်ဘာသာ (စာမျက်နှာ
၆၇ တွင် ကြည့်ရန်)။
အမေး။  ။အသင်းတော်သည် ပွဲနေ့များနှင့်သန့်ရှင်းသောနေ့များတို့ကို ခန့်ထားနိုင်သောတန်ခိုးရှိကြောင်း
အဘယ်သက်သေပြနိုင်သနည်း။
အဖြေ။  ။ဥပုသ် သည်စနေနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲစေခြင်းအားဖြင့်ပြသည်။ ဤပြောင်းလဲခြင်းကို
ဘာသာကွဲများတို့သည်သဘောတူကြသဖြင့် တနင်္ဂနွေနေ့ကိုကျပ်တည်းစွာစောင့်၍အသင်းတော်ခန့်ထား
သောအခြားသောပွဲနေ့များကိုမစောင့်ကြသောကြောင့်သူတို့သည်မိမိတို့ကိုမိမိတို့ ဆန့်ကျင်ဖက်ပြုကြ၏။
ထို့ကြောင့်တတိယကောင်းကင်တမန်သတင်းတရားသည်စတုတ္ထပညတ်တော်တွင်ရှိဥပုသ်နေရာတွင်တနင်္ဂ
နွေနေ့သွင်း၍၎င်းနေ့တွင်ငြိမ်ဝပ်စွာမစောင့်မခံယူရဟု သတိပေး နှိုးဆော်ခြင်းဖြစ်သည်။

၈။   သားရဲကိုကိုးကွယ်၍ သူ၏တံဆိပ်လက်မှတ်ကို ခံသောသူတို့သည်အဘယ်သို့ကြောက်မက်ဖွယ်သော
အပြစ်ဒဏ်ကိုခံရမည်နည်း။
ထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌လောင်းသောအမျက်တော်စပျစ်ရည်စစ်ကိုသောက်
ရလိမ့်မည်။သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊သိုးသူငယ်ရှေ့တွင်၊ကန့်နှင့်ရောသောမီးထဲမှာပြင်း
စွာသောညဉ်းဆဲခြင်းကိုခံရလိမ့်မည်။ထိုညဉ်းဆဲခြင်း၏မီးခိုးသည်ကမ္ဘာအဆက်ဆက်တက်လျှက်ရှိ၏။
သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည်နေ့ည၌မပြတ်သက်
သာမရကြ။ဗျာဒိတ်ကျမ်း ၁၄း၁၀-၁၁။
မှတ်ချက်။  ။ထို့ကြောင့်အလွန်ဂရုပြုဖွယ်ဖြစ်သောတတိယကောင်းကင်တမန်၏သတင်းစကားကိုခရစ်ယာန်
အသင်းသားများနားလည်ဖို့ရန်။ ဒံယေလအနာဂတ္တိကျမ်း ၇။ ဗျာဒိတ်ကျမ်း ၁၂၊၁၃၊၁၄ တို့ကိုသတိနှင်သေချာ
စွာလေ့ကျက်အပ်သည်။

၉။ ကောင်းကင်တမန်၃ပါးတို့၏သတင်းတရားကိုလောကီသားတို့အား ဟောပြောသောသူတို့သည်အဘယ်
သို့သောသူတို့နည်း။
ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ယေရှု၏ယုံကြည်ခြင်းက်ု၎င်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာ
ကိုသည်းခံစရာအကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၆-၁၂။
မှတ်ချက်။  ။ကောင်းကင်တမန်သုံးပါးတို့၏သတင်းတရားသည်လူတို့အားဟောပြောနေစဉ်အခါ ခရစ်ယာန်
အများတို့သည်အသင်းတို့၌ကွဲပြားခြင်းရှိမည်အကြောင်းအထက်ကျမ်းချက်ကပြသည်။ထိုခရစ်ယာန်အများ
တို့သည်လောကနှင့်ပူးတွဲနေကြ၍ရောမကထွက်သောခရစ်ယာန်တရားတော်များကိုသင်ပေးစဉ်ဘုရားသခင်
၏ပညတ်တို့ကိုလည်းကောင်း၊ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်
ရှိကြမည်။ထိုသူတို့သည်ဗျာဒိတ် ၂၂း၁၄ တွင် ပါသောစကားထဲကချီးမွမ်းခြင်းနှင့်နှစ်သိမ့်ခြင်းတို့ကိုရကြမည်။
( အသက်ပင်နှင့်ဆိုင်၍မြို့တံခါးအတွင်းသို့ဝင်အံ့သောငှါ ပညတ်တော်တို့ကိုကျင့်သောသူတို့သည်မင်္ဂလာ
ရှိကြ၏။)

ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏

The Ten Commandments Today the Decalogue is being forcibly removed from schools, government institutions and other public places. Havi...