ကယ်တင်ခြင်းခံစားနိုင်ရန်ဘုရားသခင်၏အစီအစဉ်



 
၁။ဘုရားသခင်သည်လူကိုအဘယ်သို့ သောအဖြစ်နှင့် ဖန်ဆင်းတော်မူသနည်း။
ငါတွေ့ ရသောအရာတခုတည်းဟူမူကား၊ ဘုရားသခင်သည်လူကိုဖြောင့်မတ်အောင်ဖန်ဆင်းတော်မူသော်လည်း၊ လူတို့ သည် များပြားတော်အကြံစည်တို့ ကို ရှာဖွေကြံစည်ကြပြီ။
ဒေသနာကျမ်း ၇း၂၉။
ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့် အညီ၊ လူကိုဖန်ဆင်းတော်မူ၏။ ဘုရား သခင်၏ ပုံသဏ္ဍာန်တော်နှင့် အညီ ၊ လူယောက်ကျား လူမိန်းမ ကိုဖန်ဆင်းပြီးလျှင် ၊ အချင်းတို့ များပြားစွာမွေးဘွားကြလော့ ။ မြေကြီးကို ပြည့် စေ၍ နိုင်ကြလော့ ။ ပင်လယ်ငါးတို့ ကို၎င်း၊ မိုဃ်းကောင်း ကင်ငှက်တို့ ကို၎င်း၊အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော ၊တိရစ္ဆန်အပေါင်းတို့ 
ကို၎င်း၊အုပ်စိုးကြလော့ ဟု မိန့် တော်မူ၍။ သူတို့ကို ကောင်းချီးပေးတော်မူ၏။ဘုရားသခင်က လည်း၊ ကြည့် ရှုလော့ ။ မြေတပြင်လုံး၌ စပါးသီးကို ဖြစ်စေသော၊ စပါးပင် အမျိုးမျိုး တို့ ကို ၎င်း။မျိုးစေ့ ကို ဖြစ်စေသော၊ အသီးနှံကို ဖြစ်စေသော သစ်ပင်အမျိုးမျိုး တို့ ကို ၎င်း၊သင်တို့ စားစရာဖို့ ငါပေး၏။ မြေသား မိုးကောင်းကင်ငှက်။အသက်ရှင်၍ မြေပေါ်မှာ။ တွားတတ်သော၊ တိရ စ္ဆန် အမျိုးပေါင်းတို့ စားစရာ ဘို့ မြက်ပင်အမျိုးမျိုးတို့ ကို ၊ငါပေးမည်ဟုမိန့် တော်မူ သည့် အတိုင်း ဖြစ်လေ၏။ ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော၊ အရာတို့ ကို ကြည့် ရှုလျှင် ၊အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ညဦးနှင့် နံနက်သည် ဆဌမ နေ့ ရက်ဖြစ်လေ၏။ က မ္ဘာဦးကျမ်း ၁း ၂၇-၃၁။
၂။လူ၏စုံလင်ချမ်းသာသော၊ အဖြစ်သည် ယခုကဲ့ သို အပြစ်ရှိသော၊ အဖြစ်သို့ အဘယ်သို့ ပြောင်းလဲသနည်း။
ဤအကြောင်းအရာ ဟူမူကား ၊အပြစ်တရားသည်တယောက်သောသူအားဖြင့် ၊ဤလောကသို့ ဝင်၍၊အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊လူအပေါင်းတို့ သည်၊ အပြစ်၇ှိသောကြောင့်သေခြင်းသို့ ရောက်ကြရ၏။ ရောမသြ၀ါဒစာ ၅း၁၂။
ထိုအပင်သည်စားဖွယ်ကောင်းခြင်း၊ အဆင်းလဲလှခြင်း၊ ပညာကိုတိုးပွားစေလိုသောငှာ၊ နှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကို ၊ မိန်းမသည်မြင်လျှင် အသီးကိုယူ၍စား၏။မိမိခင်ပွန်းအားလဲပေး၍ သူသည်လဲစား၏။ က မ္ဘာဦးကျမ်း ၃း ၆
ယောက်ကျားကိုလဲ၊ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ ၊သင်သည်မယား၏စကားကိုနားထောင်၍၊ စားမိသောကြောင့် မြေသည်သင်၏အတွက်၊ကျန်ခြင်းကိုခံ လျှက် ရှိ၏။မြေ၏အသီးကိုတသက်ပါတ်လုံး၊ ပင်ပန်းစွာစားရမည်။ ဆူးပင်အမျိုးမျိုးတို့ ကိုလဲ၊ သင့်အဖို့ မြေပေါက်စေမည်၊လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ ကို၊ သင်စားရမည်။သင်ထွက်ရာမြေသို့ မပြန်မှီ တိုင်အောင်၊ သင်၏မျက်နှာပြင်မှ၊ ချွေးထွက်လျှက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေ မှုန့် ဖြစ်၍ မြေ မှုန့် သို့ ပြန် ရမည် ဟု မိန့် တော်မူ၏။ ကမ္ဘာဦးကျမ်း ၃း ၁၇-၁၉။
၃။လူသည်ဖောက်ပြန်သောကြောင့် ၊ အဘယ်အရာကို ဆုံးရှုံး ခံရသနည်း။
အကြောင်းမူကား ၊တယောက်သောသူသည် နားမထောင်သောအားဖြင့် ၊လူများတို့ သည် အပြစ်ရောက်သည့် နည်းတူ၊ တယောက်သောသူသည်နားထောင်သောအားဖြင့်၊လူများတို့ သည်ဖြောင့်မတ်ရာသို့ ရောက်ကြရ၏။ ရောမသြ၀ါဒစာ ၅း၁၉။
လူသည်အဘယ်သို့ သောသူဖြစ်၍ ၊ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း။ လူသားသည်အဘယ်သို့ သောသူဖြစ်၍၊အကြည့်အရှု ကြွလာတော်မူသနည်း။ သူ့ကိုကောင်းကင်တမန်တို့ အောက်၌၊ အနည်းငယ်နှိမ့်တော်မူပြီး၊ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ၊ပတ်ရစ်တော်မူပြီ။ဖန်ဆင်းတော်မူသော၊ အရာများကိုအုပ်စိုးစေတော်မူ၍ ၊သိုးနွားအစရှိသော၊ မြေတိရ စ္ဆန်၊မိုးကောင်းကင်ငှက်၊ပင်လယ်ငါးနှင့်
ပင်လယ်လမ်း၌ သွားတတ်သောတိရ စ္ဆန်မှစ၍၊ခပ်သိမ်းသောအရာတို့ ကို၊သူ၏ခြေအောက်၌ ၊ချထားတော်မူပြီ။ ဆာလံကျမ်း ၈း၎-၈။
ခပ်သိမ်းသောအရာတို့ ကို သူ၏ခြေအောက်၌ချထားတော်မူပြီဟု၊သက်သေခံသတည်း ခပ်သိမ်းသောအရာတို့ ကိုချထားတော်မူ၏ဟုဆိုသော်၊ မချမထားပဲ၊ကျန်ရစ်သောအရာတစုံတခုမျှ မရှိရ။ ယခမူကား၊ ခပ်သိမ်းသောအရာတို့ သည် ချထားလျှက်ရှိသည်ကို ငါတို့ မမြင်ရကြသေး။ ဟေဗြဲသြ၀ါဒစာ ၂း၈။
၎။အပြစ်မှ ဘာဖြစ်သေးသနည်း။
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ရောမသြ၀ါဒစာ ၆း၂၃။
တပ်မက်သောစိတ်သည် ပဋိသန္ဒေယူ၍ ဒုစရိုက်ကိုပြောင်းတတ်၏။ ဒုစရိုက်သည်လည်း၊ပြည့်စုံလျှင် သေခြင်းကိုဘွားတတ်၏။
ရှင်ယာကုတ်သြ၀ါဒစာ ၁း ၁၅။
၅။ဘုရားသခင်၏ နှုတ်ထွက်တရားတော်သည် လူ၏အပြစ်ကိုအဘယ်ကဲ့ သို့ ဖေါ်ပြသနည်း။
အကြင်သူ၏ အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ၊သင်တို့ ဝင်၍ အစေခံ၏။ ထိုသူသည်သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ၊ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့် ယှဉ်သော နားထောင်ခြင်းတရားဖြစ်စေ၊
သင်တို့ ၏သခင်ဖြစ်သည်ကို၊မသိကြသလော။ ရောမသြ၀ါဒစာ ၆း၁၆။
လွှတ်ခြင်းအခွင့်ရှိသည်ဟု ၀န်ခံလျှက်ပင် ၊ကိုယ်တိုင်ပုပ်ပျက်ခြင်း၏ ကျွန်ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကိုနိုင်သော အရာသည် လူ၏သခင်ဖြစ်၏။
ရှင်ပေတရု သြ၀ါဒစာ ဒုတိယစောင် ၂း၁၉။
ယေရှုကလည်း ၊ငါသည်ကိုယ့်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။အကြောင်းမူကား၊ ငါသည်အဘယ်အရပ်က လာသည်ကို ၎င်း၊အဘယ်အရပ်သို့ သွားသည်ကို၎င်း၊ငါသိ၏။
ရှင်ယောဟန် ၈း၁၄။
စိတ်နှလုံးသည်ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။ ယေရမိ အနာဂတ္တိကျမ်း ၁၇း၉။
၆။လူသည်မိမိခွန်အားတန်ဘိုးနှင့် အပြစ်၏ ကျွန် အဖြစ်မှ လွတ်ကင်းဖို့ ရာ မျှော်လင့် ခြင်းရှိသလော။
ထိုအခါ သင်တို့ သည် ခရစ်တော်ကို မသိ ၊ ဣသရေလ အပေါင်း အသင်း၌ မ၀င် ၊ဂတိတော်ပါသော ပဋိညာဉ် တရားတို့ နှင့်မဆိုင် ၊ မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြသည်ကို ၎င်း၊ အောက်မေ့ကြလော့။ ဧဖက် သြ၀ါဒစာ ၂း၁၂။
သင်သည်ပေါက်ဆပ်ပြာနှင့်ရေချိး၍။ချက်သောဆပ်ပြာကိုသုံးသော်လည်း၊သင်၏အပြစ်သည် ငါ့ရှေ့ မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရားမိန့် တော်မူ၏။
ယေရမိအနာဂတ္တိကျမ်း ၂း၂၂။
အဲသရောပိလူသည် မိမိအရေ၏အဆင်ကို၎င်း၊ကျားသစ်သည်မိမိ၏ အကွက်အကျားတို့ ကို၎င်း၊ပြောင်းလဲနိုင်သလော။ပြောင်လဲနိုင်လျှင်၊ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့ သည် ၊သုစရိုက်ကို ပြုခြင်းငှာ
တတ်နိုင်ကြလိမ့်မည်။ ယေရမိအနာဂတ္တိကျမ်း ၁၃း၂၃။
ထာဝရဘုရားမိန့်တော်မူသည်ကား၊လူကို ကိုးစား၍လူသတ္တ၀ါကို အမှီပြုသဖြင့်၊စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏။ ထိုသူသည်လွင်ပြင်၌ ရှိသော သစ်ပင်ခြောက်ကဲ့ သို့ ဖြစ်၍ ၊ကောင်းကျိုးရောက်ကြောင်းကို မသိရ၊ အဘယ်သူမျှမနေသော ဆားမြေ၊သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။ ယေရမိအနာဂတ္တိကျမ်း ၁၇း၅-၆။
၇။အဘယ်နည်းအားဖြင့်သာ ကယ်တင်ခြင်းကိုရနိုင်သနည်း။
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ။ကယ်တင်ခြင်းသို့ ရောက်ရ၏။ကိုယ်အလို အလျှောက်ရောက်ရသည်မဟုတ်။ ဧဖက်သြ၀ါဒစာ ၂း၈။
ငါတို့ ကျင့်သော ဖြောင့်မတ်ခြင်း အကျင့် အားဖြင့်မဟုတ်ပဲ၊၊မိမိသနားခြင်းဂရုဏာတော်နှင့်အညီ၊ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၎င်း ၊သန့်ရှင်းသော ၀ိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၎င်း၊ငါတို့ ကို ကယ်တင်တော်မူ၏။တိတုသြ၀ါဒစာ ၃း၅။
၈။လူသည်ကယ်တင်ခြင်းရဖို့ ရန် ဘုရားသခင်သည် အဘယ်သို့ ကြံစည်တော်မူသနည်း။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့ သည် ပျက်စီးခြင်းသို့ မရောက်၊ထာဝရအသက်ကို ရစေခြင်းငှာ၊ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ ကို ချစ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၃း၁၆။
သားတော်အားဖြင့်ငါတို့ သည် အသက်ရှင်စေခြင်းငှါ၊ ဘုရားသခင်သည်တပါးတည်းသောသားတော်ကို ဤလောကသို စေလွှတ်တော်မူသော အရာ၌ ၊ငါတို့ ကိုချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျှက်၇ှိ၏။ ငါတို့ သည် ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို၊ ဘုရားသခင်သည်ငါတို့ ကိုချစ်၍ ငါတို့ ၏အပြစ် ဖြေစရာအကြောင်း၊ ဖြစ်စေခြင်းငှါ၊သားတော်ကိုစေလွှတ်တော်မူသော အရာ၌ ချစ်ခြင်းမေတ္တာတော်ရှိ၏။ ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၄း ၉-၁၀။
၉။ဤ ကြံစည်တော်မူချက် အဘယ်သို့ ပြည့်စုံခြင်းသို့ ရောက်သနည်း။
သားယောက်ကျားကိုဘွားမြင်လိမ့်မည်။ထိုသားသည်မိမိလူတို့ ကို အပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သောကြောင့် ၊ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန် ဆို၏။
ရှင်မဿဲခရစ်ဝင် ၁း၂၁။
အချိန်ကာလစေ့သောအခါ။ ငါတို့ သည်သား၏၊အခွင့်အရာကို ခံကြရမည်အကြောင်း၊ ပညတ်တရားလက်၌ ရှိသော ၊ ငါတို့ ကိုရွေးနှုတ်စေခြင်းငှါ ၊ မိန်းမ၀မ်း၌ ပဋိသန္ဒေ ယူ၍ ။ပညတ်တရားအောက်၌ ၊ဘွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။ ဂလာတိသြ၀ါဒစာ ၄း၎-၅။
၁၀။ခရစ်တော်သည် ကျွန်ပ် တို့ အဖို့  အဘယ်အဖြစ်ကို ခံယူသနည်း။
အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ် နှင့် ကင်းစင်သောသူကို၊ ငါတို့ အတွက်ကြောင့် အပြစ်၇ှိသောသူဖြစ်စေတော်မူ၏။အကြောင်းမူကား၊ ငါတို့ သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ တော်၌ ၊ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။ ကောရိ န္တု သြ၀ါဒစာ ဒုတိယစောင် ၅း၂၁။
ထို့ ကြောင့်ဘုရားသခင်ရှေ့ တော်၌ ၊ပညတ်တရားအားဖြင့် ၊ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ ၊မရောက်နိုင်ဟု ထင်ရှားလျှက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း၊ကျိန်ခြင်းကို ခံရသောသူ ဖြစ်သည်ဟု ကျမ်းစာလာသည် နှင့်အညီ၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် ၊ကျိန်ခြင်းကို ခံရသောသူဖြစ်၍ ၊ငါတို့ ကို ပညတ်တရား၏ ကျိန်ခြင်းမှ။ရွေးနှုတ်တော်မူပြီ။
ဂလာတိ သြ၀ါဒစာ ၃း၁၃။
ထိုသူသည် ငါတို့ လွန်ကျူးးခြင်းအပြစ်များကြောင့်၊နာကျင်စွာထိုးခြင်း၊နှိပ်စက်ခြင်းကို ခံရလေ၏။ငါတို့ ဒငြိမ်သက်ခြင်းချမ်းသာကို၊ ဖြစ်စေသော ဆုံးမခြင်းသည် သူ့ အပေါ်သို့ ရောက်၍ ၊သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့ သည် အနာပျောက်လျှက်ရှိကြ၏။ငါတို့ ရှိသမျှတို့ သည်၊ သိုးကဲ့ သို့  လမ်းလွဲ လျှက် ၊ကိုယ့်လမ်းသို့ အသီးသီး၊လိုက်သွားကြသည်ဖြစ်၍ထာဝရဘုရားသည်ခပ်သိမ်းသော၊ ငါတို့ ၏အပြစ်များကို သူ့အပေါ်သို့ တင်ထားတော်မူ၏။ဟေရှာယအနာဂတ္တိကျမ်း ၅၃း၅-၆။
၁၁။ခရစ်တော်၏ ကုသိုလ်တော်အားဖြင့်ကျွန်ုပ်တို့ သည် ဖြောင့်မတ်ခြင်းကို အဘယ်သို့ ရရှိသနည်း။
ထို့ ကြောင့်ငါတို့ သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင် ငါတို့  သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့ တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။ရောမသြ၀ါဒစာ ၅း၁။
ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသောတပါးအမျိုးသားမဟုတ်ဘဲ၊ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့ သည်၊အမှန်သိသည်နှင့်အညီ၊ပညတ်တရား၏အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ မရောက်၊ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ၊ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ငါတို့ ပင် ယေရှု ခရစ်ကို၊ယုံကြည်ကြပြီ။ အကြောင်းမူကား၊ပညတ်တရား၏အကျင့်အားဖြင့်အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။ခရစ်တော်
အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ ငါတို့ သည်ကျိုးစားအားထုတ်လျှက်ပင်၊အပြစ်ထင်ရှားသောသူဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည် အပြစ်ရားကို ပြုစုသောသူဖြစ်သလော။ထိုသို့ မဖြစ်နိုင်ရာ။အထက်ကငါဖြိုဖျက်သောအရာကို၊နောက်တဖန်
ငါတည်ဆောက်ပြန်လျှင်၊ကိုယ်အပြစ်ရှိသည်ကိုကိုယ်ထင်ရှားစွာပြ၏။ ထိုမှတပါးငါသည်ဘုရားသခင်နှင့်ဆိုင်သောအရာ၌ အသက်၇ှင်မည်အကြောင်း၊ပညတ်တရးနှင့်ဆိုင်သော အရာ၌၊ပညတ်တရားအားဖြင့်သေလျှက်နေ၏။ ငါသည်ခရစ်တော်နှင့်အတူ၊လက်ဝါးကပ်တိုင်မှာ အသေခံပြီ၊
သို့သော်လည်း အသက်ရှင်သေး၏။ထိုသို့ ဆိုသော်ငါသည် ကိုယ်တိုင်မရှင် ခရစ်တော်သည် ငါ၌ ရှင်တော်
မူ၏။ကိုယ်ခန္ဒာ၌ ယခုငါရှင်သော အသက်သည်၊ ဘုရားသခင်၏သားတော်ကို၊ယုံကြည်ခြင်းအားဖြင့်တည်၏။သားတော်သည်ငါ့ကိုချစ်၍၊ငါ့အဖို့ 
ကိုယ်ကိုစွန့်တော်မူ၏။ ဂလာတိသြ၀ါဒစာ ၂း၁၆-၂၀။
ထိုမျှမက ငါ၏သခင်ယေရှုခရစ်ကို သိသောပညာသည် အဘယ်မျှ လောက်မြတ်သည်ကိုထောက်၍ ခပ်သိမ်းသော အရာတို့ ကို ရှုံးစေသော အရာကဲ့ သို့ ငါထင်မှတ်၏။ ဖိလိပ္ပိသြ၀ါဒစာ ၃း၈-၉။
၁၂။ယေရှုခရစ်၌ ယုံကြည်ခြင်းမှတပါး အခြားသောနည်းအားဖြင့် ကယ်တင်ခြင်းကိုရနိုင်သလော။
ထိုသခင်၏နာမတော်မှတပါး ငါတို့ ကိုယင်တင်နိုင်သော နာမတစုံတခုကိုမျှ ကောင်းကင်အောက်လူတို့ တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အားမွက်ဆို၏။ တမန်တော်၎း၁၂
သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။
ရှင်ယောဟန်ခရစ်ဝင် ၃း၃၆။
၁၃။ကယ်တင်ခြင်းခံစားဖို့ ရန် ဘုရားသခင်ကြံစည်တော်မူချက်သည် ဘယ်လောက်တတ်နိုင်သနည်း။
ထို့ ကြောင့်အကြင်သူတို့ သည် ယေရှုအားဖြင့် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ကြ၏ထိုသူတို့ ၏ အမှုကိုကိုယ်တော်သည် စောင့်လျှက် ၊ကာလအစဉ်အသက်ရှင်သောကြောင့် ၊သူတို့ ကိုအစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။ဟေဗြဲသြ၀ါဒစာ ၇း၂၅။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့ သည် ပျက်စီးခြင်းသို့ မရောက် ၊ထာဝရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည်မိမိ၏တပါးတည်းသော သားတော်ကိုစွန့်တ်ာမူသည့်တိုင်အောင် လောကီသားတို့ ကိုချစ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၃း၁၆။
ထိုသူကိုလက်ခံသမျှတည်းဟူသော ၊ကိုယ်တော်ကိုယုံကြည်သောသူတို့ အား ဘုရားသခင်၏သားဖြစ်ရသော အခွင့်ကိုပေးတော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁း၁၂။
၁၄။ခရစ်တော်သည် ကျွန်ုပ်တို့အလိုများကို သိတော်မူသည့်အကြောင်း ကျွ န်ုပ်တို့သည် ယုံမှားခြင်းမရှိဘဲအဘယ်သို့ သိနိုင်သနည်း။
ငါတို့ ယဇ်ပရောဟိတ်မင်းသည် ငါတို့ ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ် ။ငါတို့ခံရသည်နည်းတူ ၊အမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို့ကို ခုံဘူးသောသူဖြစ်တော်မူ၏။သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွှတ်တော်မူ၏။ထို့ကြောင့်ငါတို့သည် သနားခြင်းဂရုဏာကို၎င်း၊တော်လျော်သောမစခြင်း၊ကျေးဇူးတေိာကို၎င်း၊ခံရမည်အကြောင်း၊ရဲ ရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ ဟေဗြဲသြ၀ါဒစာ ၄း၁၅-၁၆။
ထို့ ကြောင့်ခရစ်တော်သည်၊လူတို့၏အပြစ်ဖြေစရာ၊အကြောင်းကိုစီရင်၍၊ဘုရားသခင်နှင့် စပ်ဆိုင်သောအတို့၌ကရုဏာနှင့်သစ္စာနှင့်၎င်း၊ပြည့်စုံသော
ယဇ်ပရောဟိတ် အကြီးဖြစ်အံ့သောငှါ ၊မိမိညီအကိုတို့နှင့်၊ုံးလုံးတူရသောအကြောင်းရှိ၏။ ထိုသို့စုံစမ်းနှောက်ယှက်ခြင်းကိုကိုယ်တော်တိုင်ခံ၍၊ဒုက္ခဆင်းရဲ့ခြင်း၌ကျင်လည်သောကြောင့် စုံစမ်းနှောက်ယှက်ခြင်းအမှုနှင့်တွေ့ကြုံသောသူတို့ကိုမစခြင်းငှါ တတ်နိုင်တော်မူ၏။ ဟေဗြဲသြ၀ါဒစာ ၂း၁၇-၁၈။
၁၅။ခရစ်တော်အားဖြင့်ကယ်တင်ခြင်းခံစားဖို့ရန်ကြံစည်တော်မူချက်၌၊မည်သည့်အရာပါဝင်သနည်း။
လူသားသည်ပျောက်သောသူတို့ကိုရှာ၍ကယ်တင်အံ့သောငှါ ကြွလာသတည်းဟုဇက္ခဲကိုမိန့်တော်မူ၏။ ရှင်လုကာခရစ်ဝင်၁၉း၁၀။
အို ဧဒါလင့်စင်၊ဇိအုန်သတို့သမီးနေရာကုန်း ၊သင်သည်အစိုးရလိမ့်မည်။အရင်တည်သောအာဏာ ၊ တည်ပြန်လိမ့်မည်။နိုင်ငံတော်သည် ယေရုရှလင်သတို့သမီးလက်သို့ တဖန်ရောက်လိမ့်မည်။
မိက္ခာအနာဂတ္တိကျမ်း၎း၈။
၁၆။လူတို့အထဲက ရွေးနှုတ်ခြင်းကို ခံရသောသူတို့သည် အဘယ်အဖြစ်သို့ရောက်မည်နည်း။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ပြည်တော်ကိုအစဉ်အမြဲအမွေခံသဖြင့် ၊ငါ၏ဘုန်းပွင့်စေခြင်းငှါ၊ငါကိုယ်တိုင်စိုက်၍ပြုစုသော ပျိုးပင်ဖြစ်ရကြလိမ့်မည်။ ဟေရှာယအနာဂတ္တိကျမ်း ၆၀း၂၁။
ညစ်ညူးသောအရာ၊စက်ဆုပ်ဖွယ်သောအရာ၊သစ္စာပျက်သောအရာတစုံတခုမှမ၀င်ရဘဲ၊ သိုးသငယ်၏အသက် စာစောင်၌စာရင်သောသူတို့သာလျှင်ဝင်ရ၏။ဗျာဒိတ်ကျမ်း ၂၂း၂၇။
နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ။ထိုမြို့၌ ဘုရားသခင်နှင့်သိုးသူငယ်၏ ပလ္လင်တော်၇ှိ၍ ၊ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကိုပြုကြလိမ့်မည်။မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော်ကိုရေးထားလျှက် ရှိလိမ့်မည်။ဗျာဒိတ်ကျမ်း၂၂း၃-၄။ဘုရားသခင်သည် သူတို့ ၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။နောက်တဖန်သေဘေး
မရှိရ။စိတ်မသာညည်းတွားခြင်း၊အော်ဟစ်ပင်ပန်းခြင်းလဲမရှိရ။အကြောင်းမူကား။ေ၇ှးဖြစ်ဘူးသော အရာတို့သည် ရွှေ့ သွားကြပြီ။ဗျာဒိတ်ကျမ်း၂၁း၎။
၁၇။ဤညစ်ညူးသောလောကဓါတ်အစား ဘုရားသခင်သည် အဘယ်အရာကိုပေးတော်မူမည်ဟု ကတိပေးတော်မူသနည်း။
ကြည့်ရှုလော့၊မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။အရင်မိုဃ်းကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။နှလုံးမမှတ်မိရ။
ဟေရှာယအနာဂတ္တိကျမ်း ၆၅း၁၇။
ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်းငါမြင်၏။အဘယ်သို့နည်းဟူမူကား၊ရှေးကောင်းကင်နှင့်
ရှေးမြေကြီးသည် ရွှေ့ သွားပြီ။ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။
ဗျာဒိတ်ကျမ်း၂၁း၁။
ယခုရှိသမျှသောအရာတို့ သည် ပျက်ရသော်လည်း၊ဖြောင့်မတ်ခြင်းတရာတည်နေရာ ၊မိုဃ်းကောင်းကင်အသစ်နှင့် မြေကြီးအသစ်ကိုငါတို့သည် ဂတိတော်နှင့်အညီ၊မြော်လင့်ကြ၏။
ရှင်ပေတရုသြ၀ါဒစာ ၃း၁၃။
ကယ်တင်ခြင်းခံစားဖို့ရန် ဘုရားသခင်ကြံစည်တော်မူချက်သည် အပြစ်နှင့်ပျော်မွေ့ နေသော၊
၁၈။အပြစ်သားတို့ ကို အဘယ်သို့ ဖြစ်စေမည်နည်း။
ကြောက်တတ်သောသူ၊မယုံကြည်သောသူ၊စက်ဆုပ်ရွံရှာဘွယ်သောသူ၊လူအသက်ကိုသတ်သောသူ၊မတရားသောမေထုံမှီဝဲသောသူ၊ပြုစားတတ်သောသူ၊ရုပ်တုကိုကိုးကွယ်သောသူ၊သစ္စာပျက်သော
သူအပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့ အဘို့ ကို ရကြလိမ့်မည်ဟူ၍၎င်း ငါ့အားမိန့် တော်မူ၏။ဗျာဒိတ်ကျမ်း ၂၁း၈။
မီးဖို၌ မီးလောင်သကဲ့ သို့ လောင်သောနေ့ ရက်ကာလသည် ရောက်လိမ့်မည်။မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူအပေါင်းတို့ သည် အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။သူတို့ အရင်းအဖျားမှ မကြွင်းစေ
ခြင်းငှါ ထိုနေ့ ရက်သည်လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ မာလခိအနာဂတ္တိကျမ်း ၄း၁။
ထိုသူတို့ ကလည်း အသေသတ်ခြင်းကိုခံခဲ့ ပြီးသော သိုးသူငယ်သည်၊တန်ခိုး၊စည်းစိမ်၊ပညာ၊အစွမ်းသတ္တိ ၊ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ကောင်းကြီးမင်္ဂလာကို
ခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့်ပြောဆိုကြ၏။ ဗျာဒိတ်ကျမ်း ၅း၁၂ ။
၁၉။ကယ်တင်ခြင်းခံစားဖို့ ရာ ဘုရားသခင်၏ ကြံစည်တော်မူချက်ကို အဘယ်မှာတွေ့ ၍ သင်ကြားနိုင်သနည်း။
ငါသည်ခရစ်တော်၏ ဧ၀ံဂေလိတရားကြောင့် ၊ရှက်ကြောက်ခြင်းမရှိ။အကြောင်းမူကား၊ထိုတရားသည်ရှေးဦးစွာ၌ ယုဒလူ၊နောက်၌ ဟေသလလူ၊ယုံကြည်သမျှသောသူအပေါင်းတို့ ကို ကယ်တင်စေသောဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။အဘယ်သို့ ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ၊ယုံကြည်ခြင်းအဖို့ အလို့ငှါ ဧ၀ံဂေလိတရားအားဖြင့်ထင်ရှားလျှက်ရှိ၏။ရောမသြ၀ါဒစာ ၁း၁၆-၁၇။
ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟုစိတ်ထင်နှင့် သင်တို့ သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင် ၅း၃၉။
ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို ၎င်းသိမှတ်သည်နှင့်၊အထက်ကသင်၍ နှလုံးသွင်းမိသော
အယူဝါဒ၌ တည်နေလော့။ တိမောသေသြ၀ါဒစာဒုတိယစောင် ၃း၁၅။

ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏

The Ten Commandments Today the Decalogue is being forcibly removed from schools, government institutions and other public places. Havi...