ခရစ်တော်ပယ်ရှင်းသောပညတ်တရားများ

၁။ခရစ်တော်အဘယ်အရားများပယ်ရှင်းတော်မူသနည်း။

အကြောင်းမူကား၊ထိုသခင်အားဖြ
င့်ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာ
လတို့၌ထင်ရှားစေမည်အကြောင်း ဖြစ်သတည်း။ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့
ရောက်ရ၏။ကိုယ်အလိုအလျာက်ရောက်သည်မဟုတ်။ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ကိုယ်ကုသိုလ်
ကြောင့်ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။သို့ဖြစ်၍အဘယ်သူမျှဝါကြွားစရာအခွင့်မရှိ။အဘယ်ကြောင့်
နည်းဟူမူကား၊ငါတို့သည် ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ဖန်ဆင်းတော်
မူရာ ဖြစ်ကြ၏။ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင်လည်ရမည်အကြောင်း၊ဘုရားသခင်သည်ငါတို့ကို ပြင်
ဆင်တော်မူနှင့်ပြီ။ထိုကြောင့်၊လက်ဖြင့်ကိုယ်ကာယ၌ပြုသော ဝေါဟာရအရေဖျားလှီးခြင်းကိုခံရသောသူတို့ခေါ်
ဝေါ် သောအားဖြင့်၊အရေဖျားလှီးခြင်းကိုမခံသောလူဟူ၍ ခေါ်ဝေါ်ကြသောသာသနာပလူတို့အထဲ၌သင်တို့သည်
အထက်ကပကတိအတိုင်းဖြစ်ကြသည်ကို၎င်း၊ထိုအခါသင်တို့သည်ခရစ်တော်ကိုမသိ၊ဣသရေလအပေါင်းအသင်း
မဝင်၊ဂတိတော်ပါသောပဋိညာဉ်တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ဘုရားမဲ့နေကြသည်ကို၎င်း၊
အောက်မေ့ကြလော့။သင်တို့သည်အထက်ကဝေးလျက်ရှိသော်လည်း၊ယခုမှာ ယေရှုခရစ်၌ ဖြစ်၍အသွေးတော်အား
ဖြင့်အနီးသို့ရောက်ကြပြီ။ကိုယ်တော်၌ထိုလူစုနှစ်စုတို့ကိုလူသစ်တဦးတကိုယ်တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊တလုံး
တဝတည်းဖြစ်ပြီးသောထိုလူနှစ်စုတို့ကိုလက်ဝါးကပ်တိုင်တော်အားဖြင့်ရန်ကိုသတ်ဖြတ်လျက်၊ဘုရားသခင်နှင့်မိဿဟာ
ယဖွဲ့စေမည်အကြောင်းတည်း။ထိုခရစ်တော်သည်လည်းကြွလာ၍၊ ဝေးလျက်ရှိသောသင်တို့အား၎င်း၊နီးလျက်ရှိသောငါ
တို့အား၎င်း၊ရန်ငြိမ်းခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟောတော်မူ၏။ထိုသို့ခရစ်တော်အားဖြင့်ငါတို့နှစ်ဦး
သည်စိတ်ဝိညာဉ်တလုံးတဝတည်း ဖြစ်၍၊ခမည်းတော်ထံသို့တိုးဝင်ရမည့်အခွင့်ကို ရကြပြီ။ ဧဖက်သြဝါဒစာ ၂း၁၃-၁၈၂
။ယေရှုခရစ်တော် ပညတ်တရားများပယ်ဖက်ခြင်းအလိုငှါ လာသနည်းပညတ္တိကျမ်း၊အနာဂတ္တိကျမ်းများကို
ဖျက်ပယ်ခြင်းငှါငါလာသည်ဟုမထင်ကြနှင့်။ဖျက်ပယ်ခြင်းငှါငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါငါလာသည်တည်း။
ရှင်းမဿဲခရစ်ဝင်ကျမ်း၅း၁၇
ကျွန်ပ်တို့ခရစ်ယာန်ဘာဝင်များတို့ဘယ်ပညတ်များ ယေရှုခရစ်တော်ပယ်ရှင်းသည်ဟူ၍ထောက်ပြနိုင်မည်လော့
၃။ယေရှုခရစ်တော် ပညတ်တရားနှင့်ဆိုင်၍ အဘယ်မျှလောက် တည်ရှိမည်ဟူ၍မိန့်တော်မူသနည်း
ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ပညတ္တိကျမ်း၌အငယ်ဆုံးသောစာလုံးဗိန္ဓုတလုံး
မျှပြည့်စုံခြင်းသို့မရောက်မှီမပျက်စီးရ။မှတ်ချက်။ယေရှုခရစ်တော်မိန့်တော်မူသည်မှာပညတ္တိကျမ်းအနာဂတ္တိကျမ်း၌
ပါရှိသောစားလုံးမျှမပျက်ရဘူးဟူ၍မိန့်တော်မူခြင်းကိုတွေ့ရှိနိုင်သည်ပဋ္ဌမနေ့ရက်ဥပုသ်စောင့်ခြင်းအရာတို့သည်ဘယ်
သမ္မာကျမ်း၌ရှိကြမည်လော့ ဖေါ်ပြနိုင်သူရှိပါကဖေါ်စေလိုပါသည်
၎။ယေရှုခရစ်တော်သည် ကောင်းကင်နှင့်မြေကြီးပျက်စီလွယ်သောလည်းမည်သည်ပညတ်များတို့အဘယ်သို့ရှိ
သည်ဟူ၍မိန့်တော်မူသနည်းပညတ္တိကျမ်း၌အငယ်ဆုံသောဗိန္ဓုတလုံးပျက်စီးလွယ်သည်ထက်၊ကောင်းကင်နှင့်မြေကြီး
ပျက်စီးလွယ်၏မှတ်ချက်။ပညတ္တိကျမ်းအနာဂတ္တိကျမ်းရှိသည်တို့အငယ်သောစာလုံးမျှမပျက်စီးဘဲ ကောင်းကင်နှင့် မြေကြီး
သာလျှင်ပျက်စီလွယ်သည်ဟူ၍ ယေရှုခရစ်တော် မူခြင်ကိုတွေ့ရသည်
၅။တမန်တော်ရှင်ပေါလုကလည်း အဘယ်သို့ ပညတ်များရှိသည်ဟုပြောသနည်း
အပြစ်တရားသည်ပညတ်တရားအားဖြင့်အခွင့်ရလျှင်၊ငါ့ကိုလှည့်ဖြား၍ထိုတရားအား ဖြင့်ငါ့ကိုသတ်လေ၏။ထိုကြောင့်၊
တရားတော်သည်သန့်ရှင်းခြင်းရှိ၏။ပညတ်တရားလည်းသန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။
ရောမသြဝါဒစာ ၇း၁၁-၁၂း
မှတ်ချက်။ပညတ်တရားတို့သည်ကောင်မြတ်ခြင်နှင့်သန့်ရှင်းခြင်း။ဖြောင့်ခြင်းရှိကြောင်းတမန်တော်ရှင်ပေါလုကလည်း
ထောက်ခံထားသည်မြင်တွေ့ရသည်
၆။တမန်တော်ရှင်ပေါလုသည် လူအားဖြင့် ဘုရားသခင်၏ပညတ်တရားအယ်သို့
ငါသည်အတွင်းလူ အားဖြင့်ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။ရောမသြဝါဒစာ ၇း၂၂
၇။ပညတ်တော်များကိုစောင့်ရှောက်ခြင်းအရာ၌ အဘယ်သို့ရှိသနည်း
ထိုသခင်၏စကားတော်ကိုနားထောင်သောသူမည်သည်ကား၊ဘုရားသခင်ကိုချစ်ခြင်းမေတ္တာနှင့်အမှန်ပြည့်စုံ၏။
ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။
ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင် ၂း၅
သတ္ထမနေ့ဥပုသ်နေ့အသင်းတော်မှအသင်းသူအသင်းသားတို့သည်ဘုရားသခင်ချစ်၍ပညတ်တရားများစောင့်
ရှောက်နေခြင်းဖြစ်သည်
၈။အပြစ်မရှိဟုပြောသောသူအဘယ်သို့ဖြစ်သနည်း
တဖန်တုံ၊ပညတ်သစ်ကိုသင်တို့အားငါရေးထား၏။ထိုသခင်အားဖြင့်င်း၊သင်တို့အားဖြင့်၎င်း၊အသစ်မှန်ပေ၏။
အကြောင်း မူကား၊ မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။
ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင်၂း၈
၉။ပညတ်တရားမထားမှီတိုင်အောင် လောက၌အပြစ်ရှိ၏။အဘယ်ပညတ်တရာမျှမရှိ
ပညတ်တရားကိုမထားမှီတိုင်အောင်ဤလောက၌အပြစ်ရှိ၏။အဘယ်ပညတ်တရားမျှမရှိလျှင်၊အပြစ်ရှိသည်ဟု မှတ်စရာမရှိ၊ ရောမသြဝါဒစာ ၅း၁၃
၁၀။ထိုအခါသင် တို့သည် ခရစ်တော်ကိုမသိ၊က္ကှသရေလအပေါင်းအသင်တို့၌ မဝင်၊
ထိုအခါသင်တို့သည်ခရစ်တော်ကိုမသိ၊ဣသရေလအပေါင်းအသင်း၌မဝင်၊ဂတိတော်ပါသောပဋိညာဉ်တရား
တို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြ သည်ကို၎င်း၊ အောက်မေ့ကြလော့။
သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။
ကိုယ်တော်၌ ထိုလူစုနှစ်စုတို့ကို လူသစ်တဦးတကိုယ် တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။
ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အား၎င်း၊ နီးလျက်ရှိသော ငါတို့အား၎င်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။
ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည့်အခွင့်ကို ရကြပြီ။
ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သားလည်း ဖြစ်ကြ၏။
ဧဖက်သြဝါဒစာ ၂း၁၂မှ၁၉
မှတ်ချက်။က္ကှသယေလအမျိုးတို့နှင့်..တပါးသောအမျိုး အပေါင်းအဘော်မုကြသည် ယူဒလူ
မျိုးတို့သည် ယူဒလူးမျိုးမဟုန်လျှင် မသန့်ရှင်ဘူးဟူ၍ထင်တတ်ကြသည်နှင့်အညီ တပါးသော
အမျိုးနှင့် ယူဒလူးမျိုး၏ ဆပ်ကြား၌ ယေရှုခရစ်၏အသွေးတော်အားဖြင့်သာလျှင် ရန်ကိုငြိမ်း
စေသည်ဟု တမန်တော် ရှင်သောလုကစိတ်ဝိညာဉ်တရား၌ ခွဲခြားမှုမရှိတော့ကြောင်ကိုဖေါ်
ခြင်းဖြသည်။တကျွန်တနိုင်ငံသားမရှိ ယေရှုခရစ်တော်၏ အသွေးတော်အားဖြင့် တလုံးတဝ
တည်းရှိကြောင်းဖေါ်ခြင်ကိုသာလျှင်တွေ့ရှိသည် ပညတ်တရားများပညတ်ပယ်ဖျက်ခြင်းမ
တွေရှိရပေ
၁၁။တမန်တော်ရှင်ပေတရုသည် မည်သည့်အကြောင်းအရားများဖေါ်ပြခြင်းရှိသနည်း
တမန်တော်ဝတ္ထု ၁၁း၁-၁၅တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ်ကိုများတို့သည် ကြားသိကြ၏။
ပေတရုသည် ယေရုရှလင်မြို့သို့ တက်လာ သောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊
သင်သည် အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့် ပေါင်းဘော်၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။
ပေတရုသည်လည်း ထိုအကြောင်း အရာကို အစမှအဆုံးတိုင်အောင် ဘော်ပြသည်ကား၊
ငါသည် ယုပ္ပေမြို၌ ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့်ချလွှတ်သော ချုံထည်ကဲ့သို့သော တန်ဆာသည်ဆင်းသက်၍၊ ငါ့ထံသို့ရောက် လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့်မြင်၏။
ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ကျင် လည်သော သားမျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်မျိုးတို့ကို မြင်၏။
ထိုအခါ ပေတရု၊ ထ၍သတ်စားလော့ဟု ငါ့အားပြောသောစကားသံကိုလည်း ငါကြား၏။
ငါကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို၏။
နောက်တဖန် စကားသံသည်ကား၊ ဘုရားသခင်စင်ကြယ်စေတော်မူသော အရာကိုညစ်ညူးသည် မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန်၏။
ထိုသို့သုံးကြိမ်မြောက်အောင်ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ ဆွဲယူပြန်လေ၏။
ထိုခဏချင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ်သောလူသုံးယောက် တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။
ငါသည် တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်း ဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ယောက်တို့သည်လည်း ငါနှင့်အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။
ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှားစွာရပ်လျက်၊ သင်သည် ယုပ္ပေမြို့သို့ လူတို့ကို စေလွှတ်၍ ပေတရုအမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော။
ထိုပေတရုသည်သင်မှစ၍ သင်၏ အိမ်၌ရှိသမျှသော သူတို့ကိုကယ်တင်တော်မူခြင်းတရားကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည်ငါတို့အားပြန်ကြားလေ၏။
ငါသည် ဟောပြောစပြုစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့အပေါ်သို့လည်း သက်ရောက်တော်မူ၏။
မှတ်ချက်။တမန်တော်ရှင်တရုသည်မြင်ရသောရူပါရုံသည် လူးမျိုးအားလုံးသန့်ရှင်းကြောင်း ဘုရားသခင်ဖတ်သမျှ သောသူအပေါင်းတို့သည်စင်ကြယ်ကြောင်းကိုဖေါ်ပြင်ဖြစ်သည်
နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တို့ အားလုံးစာလို့ရတယ်လို့အဓိပ္ပါယ်ပြန်ခြင်းမှားမှားယွင်း
ခြင်းဖြစ်ည်။ အဓိပ္ပါယ်မှာ လူမျိုးအားလုံး အရေဖျားလှီးသော၎င်း မလှီသော်၎င်း ဘုရားသခင်
ဖန်ဆင်းသမျှတို့စင်ကြယ်၏ဟူ၍ အဓိပ္ပါယ်ကိုရရှိသည်
အကြောင်းမူကား၊ယေရှုခရစ်တော်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊မခံဘဲနေခြင်းလည်း
အကျိုးမရှိ။သတ္တာဝါသစ်ဖြစ်ခြင်း သာအကျိုးရှိ၏။ ဂလာတိသြဝါဒစာ ၆း၁၅
၁၂။တမန်တော်ရှင်ပေါလုအား အရေဖျားလှီးခြင်း၌ အဘယ်သို့ ဆိုသနည်း ပညတ်တရား
အမျိုး၏အဘတို့သည်လည်း ငြူစူသောစိတ်ရှိ၍၊ ယောသပ်ကိုအဲဂုတ္တုပြည်သို့ရောင်းလိုက်ကြ၏။ဘုရားသခင်သည်
သူ့ကိုစောင့်မတော်မူလျက် တမန်တော်ဝတ္ထု ၇း၁၉
၁၃။ပညတ်တော်ဆယ်ပါး ကိုသမ္မာကျမ်းစာ၌ အဘယ်သို့သော ပညတ်ဟု၍ ဘုရားသခင်
ထာဝရဘုရားကလည်း၊ငါရှိရာတောင်ပေါ်သို့တတ်၍ နေလော့။လူများတို့အားသွန်သင်ဘို့ရာ ကျောက်ပြားပေါ်မှာ
ငါရေးထားသောပညတ်တရားများကို သင်၌ငါအပ်ပေးမည်ဟု မောရှေအား မိန့်တော်မူပြီး လျှင်
ထွက်မြောက်ရာကျမ်း ၂၄း ၁၂၁၄။မောရှေ ရေးသောပညတ်တရား စကားတော် ကိုဘယ်မှာထားရှိသနည်း
ဤပညတ္တိကျမ်းစာသည်သင်တို့အမျိုးတဘက်၌သက်သေဖြစ်မည်အကြောင်း၊ထိုစာကိုယူ၍သင်တို့ဘုရားသခင်
ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာတင်ထားကြလော့။
တရားဟောရာကျမ်း ၃၁း၂၆
မှတ်ချက်။မောရှော ရေးသောပညတ်စကားများသည် ဘုရားသခင် ပဠိညာဉ် သတ္တာ အပေါ်
ရှိသည်ဟုဖေါ်ပြထား
၁၅။တမန်တော်ကြီးမောရှော ရေးသာပြုစုသောပညတ္တိကျမ်းစာအဘယ်သို့ရှိသည်ဟူ ယေရှုမိန့်တော်မူသနည်း
တဖန်မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ပရောဖက်တို့၏ကျမ်းစာ၌၎င်း၊ဆာလံကျမ်းစာ၌၎င်း၊
ငါ့ကိုရည်မှတ်၍ ရေးထားသမျှသော အချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာ ပေတည်းဟု မိန့်တော်မူ၏။
။ ရှင်လုကာခရစ်ဝင်ကျမ်း ၂၄း၄၄ယေရှုခရစ်တော် ပညတ်တော်ဆယ်ပါး တို့ပယ်ဖျက် မပယ်သည်ကို တွေဝေစရာအကြောင်း
မရှိပါ
၁၆ယုံကြည်ခြင်းအားဖြင့်ပညတ်တော်တို့ကိုပယ်လို့ရမည်သနည်
သိုဖြစ်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။
ရောမသြဝါဒစာ ၃း၃၁ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့ နှင့် စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။
ကောလောသဲသြဝါဒစာ
၂း၁၄ ပညတ်တော်ဆယ်ပါးပယ်ဖက်ခြင်မပါရှိကြောင်း ကိုသမ္မာကျမ်းစာများမှာဖေါ်ပြထား
သည်။ပညတ်တော်ဆယ် ကောင်းကင်နှင့်မြေကြီးပျက်စီးသော်လည်းတည်ရှိနေဦးမယ် ယေရှုခရစ်တော်ပယ်ရှင်
သောအရာများသင်တို့သည်အထက်က လောကီတရားသို့လိုက်၍အာကာသကောင်းကင်၏တန်ခိုးကိုအစိုးရ
သာမင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်၏အလိုနှင့်အညီ၊ဒုစရိုက်အပြစ်တို့၌ကျင်
လည်ကြ၍၊ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသောသင်တို့ကိုပင်ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။
အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ
့နှင့် စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓွာတော်တွင် ပယ်ရှင်း
တော်မူသဖြင့်၊ပိုင်းခြားလျက်ရှိသောစပ်ကြားအုတ်တန်တိုင်းနံရံကိုဖြိုဖျက်၍လူမျိုးနှစ်စုတို့ကိုတစုတည်း ဖြစ်စေ
တော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်၊ထိုငြင်းဆန် သောသူတို့နှင့်တကွ၊ ငါတို့ရှိသမျှသည်
အထက်ကကိုယ်ကာယ၏ အလိုသို့၎င်း၊ စိတ်၏အလိုသို့၎င်း၊ လိုက်သဖြင့်၊ ကာမဂုဏ်တို့၌ ကျင်လည်သည်
ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူ ဖြစ်ကြ၏။

ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏

The Ten Commandments Today the Decalogue is being forcibly removed from schools, government institutions and other public places. Havi...