ရက်ပေါင်း ၂၃၀၀


၁။ ဒံယေလ အနာဂတ္တိကျမ်း ၈း၁၄ ၌ ဘယ်ကာအကြောင်းပြောသနည်း။
ရက်ပေါင်း၂၃၀၀ တိုင်တိုင် တည်လိမ့်မည်။ထို့နောက်သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင်ကြ
လိမ့်မည်။
၂။ အနာဂတ္တိစကား၌ တစ်ရက်သည်ဘယ်ကာလ၏ပုံပမာဖြစ်သတည်း။
ထိုပြည်ကိုစူးစမ်းရာ နေ့ ရက်ပေါင်းအရက်လေးဆယ်နှင့်အညီ၊တစ်ရက်ကိုတနှစ်ထား၍ အနှစ်လေးဆယ်
ပါတ်လုံး ကိုယ်အပြစ်ကိုဆောင်လျှက် ငါစွန့်ပြစ်ခြင်းကိုသိရကြလိမ့်မည် ။တောလည်ရာကျမ်း ၁၄း၃၄။
ထိုနေ့ရက်စေ့ပြီးမှ ၊တဖန်လက်င်္ကျာ နံစောင်းဖြင့်အိပ်၍ အရက်လေးဆယ်ပါတ်လုံး ယုဒအမျိုး၏အပြစ်ကို
ခံဦးလော့၊နှစ်အစား၌ရက်ကိုငါထားပြီ။ ယေဇကျေလအနာဂတ္တိ ကျမ်း ၄း၆။
မှတ်ချက် ။ ။ဒံယေလအနာဂတ္တိကျမ်းအခန်းကြီးရှစ်တွင် ဖော်ပြပချက်မြင်ခြင်းသည်အနက်အဓိပါယ်ပါသော
ပုံပမာဖြစ်ကြောင်းသိုး၊အမွေးကြမ်းသောဆိတ်၊ချိုကြီးဆိုသောအရာတို့အားဖြင့်ကျွန်ုပ်တို့သိရသည်။ဤပုံပ
မာများတို့သည်နိုင်ငံများဖြစ်ကြသည်။(ငယ် ၂၀-၂၅) ။ထိုနည်းအတိုင်းရက်ပေါင်း၂၃၀၀ သည်ဤပုံပမာဖြစ်၍
တစ်ရက်ကိုတနှစ်ထားပြီးရေတွက်ရသည်။
၃။ဤဖော်ပြချက်ရူပါရုံအကြောက်းကိုကောင်းကင်တမန်ဂါဗြေလအား ဘာအမိန့်တော်ပေးတော်မူသနည်း။
အခြားသောသူတို့ကအိုဂါဗြေလ ၊ထိုသူသည်ယခုမြင်သောရူပါရုံကိုနားလည်စေခြင်းငှါအနက်ကိုပြန်ပြော
လော့ဟု ဥလဲမြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ပြောဆိုသည်ကိုငါကြား၏။ဒံယေလအနာဂတ္တိကျမ်း ၈း၁၆။

၎။ ထိုဗျာဒိတ်ယူပါရုံကိုနားလည်စေခြင်းငှါ ဂါဗြေလသည် ရက်ပေါင်း၂၃၀၀ အကြောင်း ဒံယေလအား
ဘာပြောသနည်း။
ညဦးနှင့်နံနက်ကိုဘော်ပြသောဗျာဒိတ်၊ရူပါရုံစကားမှန်သည်ဖြစ်၍ ထိုစကားကိုတံဆိပ်ခတ်ထားလော့။တာ
ရှည်သောကာတိုင်တိုင်တည်လိမ့်မည်ဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၂၆။

၅။ ဤအခါဒံယေလသည် ရက်ပေါင်း၂၃၀၀ အကြောင်းနားလည်သလော။
ထိုအခါ ငါဒံယေလသည် မော၍နာလျှက်နေ၏။တဖန်အနာမှထမြောက်၍ ရှင်ဘုရင်၏အမှုတော်ကို ဆောင်
ရွက်ရ၏။မြင်ပြီးသော ဗျာဒိတ်ရူါရုံကို ငါအံ့သြသော်လည်း ထိုအမှုကိုအဘယ်သူမျှမရိပ်မိကြ။
ဒံယေလအနာဂတ္တိကျမ်း ၈း၂၇။
၆။ ဒံယေလသည် ဗျာဒိတ်ယူပါရုံ၏အနက်အဓိပ္ပါယ်ကိုအလွန်သိချင်သောကြောင့် ဘာလုပ်သနည်း။
အစာကိုရှောင်လျှက်၊လျှော်တေအ၀တ်ကိုဝတ်လျှက်၊ပြာနှင့်လူးလျှက်၊အရှင်ဘုရားသခင့်ထံတော်သို့ချဉ်းကပ်
၍ဆုတောင်း၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၃။
၇။ သန့်ရှင်းရာ ဌာနတော်နှင့်မဖော်ပြသောရက်ပေါင်းတို့အပေါ်၌ဒံယေလသည်စိတ်စွဲလမ်းလျှက်နေကြောင်း
ကိုကျွန်ုပ်တို့ အဘယ်သို့သိရသနည်း။
ယခုမူကား၊အကျွန်ုပ်တို့ဘုရားသခင်၊ကိုယ်တော်၏ကျွန်ပြုသောဆုတောင်းသံစကားကိုနားထောင်တော်မူ
ပါ။ဆိတ်ညံလျှက်၇ှိသောသန့်ရှင်းရာနေရာတော်ကိုဘုရားသခင်၏အကျိုးတော်ကြောင့်မျက်နှာတော်ရောင်
ခြည်ကိုထွန်းလင်းစေတော်မူပါ။ ဒံယေလအနာဂတ္တိကျမ်း ၉း၁၇။
ယခင်ပြောသောသူကရာက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင်တည်လိမ့်မည်။ထို့နောက်သန့်ရှင်းရာဌာနကို
တဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်ဟုပြန်၍ပြောဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၁၄။
၈။ဒံယေလဆုတောင်းသည့်အတွက်အဘယ်သူလာရောက်သနည်း။
ဆုတောင်းသောအမှုမပြီးမီ မြွက်ဆိုစဉ်တွင်ယခင်ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသောသူဂါဗေလသည်လျှင်မြန်စွာ
ပျံ၍လာသဖြင့်ညဥ့်ဦးယံပူဇော်ချိန်၌ငါရှိရာသို့ရောက်၍။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၁။
၉။ ဂါဗေလသည် အဘယ်ကြောင့်လာသနည်း။
နှုတ်ဆက်လျှက် အချင်းဒံယေလ၊ငါသည်သင်၌ဥာဏ်ညာတိုးပွားစေမည်အကြောင်းထွက်လာပြီ။
ဒံယေလအနာဂတ္တိကျမ်း ၈း၂၂။
၁၀။ ဘယ်အကြောင်းကိုဆင်ခြင်နားလည်ဖို့ရန် ဒံယေလအားကြားပြောသနည်း။
သင်သည်ဆုတောင်းစပြုသောအခါအမိန့်တော်ရှိသည်ဖြစ်၍သင့်အားကြားပြေပာခြင်းငှာ ငါရောက်လာပြီ။
သင်သည်အလွန်ချစ်ခင်အပ်သောသူဖြစ်၏။ထို့ကြောင့်ဖေါ်ပြချက်အချက်ကိုဆင်ခြင်၍ နားလည်ရသော
အခွင့်ရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၂၃။
မှတ်ချက် ။ ။မောလျှက်နာနေသောကြောင့်ဒံယေလသည်ယခင်ကနားမလည်သောအကြောင်းအရာကို
နားလည်စေခြင်းငှာဂါဗြေလသည်ရောက်လာ၏။ထိုကြောင့်ဒံယေလအားဖေါ်ပြချက်အချက်ကိုဆင်ခြင်ဖို့ရန်
အခွင့်ပေး၏။ဘယ်ဖေါ်ပြချက်နည်း။သူနားမလည်သောဖေါ်ပြချက်(ဒံ၈း၂၇ ကိုကြည့်) ရက်ပေါင်း၂၃၀၀နှင့်
သန့်ရှင်းရာဌာနကိုဆေးကြောသုတ်သင်ခြင်းနှင့်ဆိုင်သောဖေါ်ပြချက်ဖြစ်သည်။ဂါဗြေလသည်အနက်အဓိပ္ပါယ်
ကိုဖေါ်ပြခြင်းအစ၌ကာလအချိန်ကိုဖေါ်ပြသည်။ဒံယေလနားမလည်သောအရာသည်ဖေါ်ပြချက်တွင်ကာလ
အချိန်ဖြစ်သည်။
၁၁။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၄ ၌ဘယ်ကာလအချိန်အကြောင်းပြောပြသနည်း။
(သီတင်း၇၀ ကိုသင်၏အမျိုးသားချင်းအဖို့နှင့်သင်း၏သန့်ရှင်းသောမြို့အဖို့ဆုံးဖြတ်ခြင်းရှိ၏။)ထို ဆုံးဖြတ်ဆို
သောစကားသည်တစ်စုံတစ်ခုသောအရာမှဆုံးဖြတ်ရသည်။သီတင်း၇၀သည်ဘယ်အရာမှဆုံးဖြတ်သနည်း။
ဖေါ်ပြခက်တွင်ရက်ပေါင်း၂၃၀၀မှတပါးအခြားကာလအချိန်တို့မှဆုံးဖြတ်ဖို့ရန်မရှိ။
(လွန်ကျူးခြင်းအမှုကိုဆီးတားခြင်း)သီတင်း၇၀ တွင်ယုဒလူမျိုးတို့သည်မိမိတို့၏အပြစ်ပယ်ရှားခြင်းကိုဆိုလို
သည်။မေရှိယတည်းဟူသောခရစ်တော်ကိုလက်ဝါးကပ်တိုင်ပေါ်မှာရိုက်ထားခြင်းနှင့်မိမိတပည့်များဟော
ပြောသောတရားတော်ကိုငြင်းပါယ်ခြင်းအားဖြင့်သူတို့၏အပြစ်သည်ပြည့်စုံခြင်းသို့ရောက်လေသည်။
(၁)အပြစ်ကိုတံဆိပ်ခပ်ခြင်းငှာ။ (၂) အပြစ်ကိုဖြေရှင်းခြင်းငှာ ။(၃) ထာဝရကုသိုလ်ကိုသွင်ူခြင်းငှာ။
ဤအရာတို့ကကျွန်ုပ်တို့အဖို့ခရစ်တော်ပြုတော်မူသောယဇ်ပူဇော်ခြင်းအားဖြင့်မင်္ဂလာအကျိုးကျေးဇူးများကို
ညွန်ပြလေသည်။
ငါသည်ခရစ်တော်၏ဧ၀ံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိ။အကြောင်းမူကားထိုတရားသည်ရှေးဦး
စွာ၌ယုဒလူ၊နောက်၌ဧေသလလူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဘုရားသခင်၏
တန်ခိုးတော်ဖြစ်၏။အဘယ်သို့ဖြစ်သနည်းဟူမူကားဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်အသက်
ရှင်လိမ့်မည်ဟုကျမ်းစာလာသည်နှင့်အညီယုံကြည်ခြင်း၌တည်သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား
သည်ယုံကြည်ခြင်းအဖို့အလို့ငှာဧ၀ံဂေလိတရားအားဖြင့်ထင်ရှားလျှက်ရှိ၏ ။ ရောမသြ၀ါဒစာ ၁း၁၆-၁၇။
ထိုသို့ဖြစ်သော်ဘုရားသခင်၏တန်ခိုးတော်အားဖြင့်ငါတို့၏ရန်ကိုငြီမ်းစေ၍ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့စေ
တော်မူ၏။ထိုမိဿဟာရတရားကိုဟောတော်မူသောအခွင့်အရာကိုငါတို့၌အပ်ပေးတော်မူ၏။ထိုတရားဟူ
မူကားဘုရားသခင်သည်ခရစ်တော်အထဲ၌ ရှိနေလျှက်လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူ။ရန်ကို
ငြိမ်းစေ၍ကိုယ်တော်နှင့်မိဿဟာရဖွဲ့စေတော်မူ၏။ထိုမိဿဟာရတရားကိုလည်းငါတို့၌အပ်ပေးတော်မူ၏။
ထို့ကြောင့်ငါတို့သည်ခရစ်တော်၏သံတမန်ဖြစ်ကြ၏။သင်တို့သည်ရန်ငြိမ်း၍ဘုရားသခင်နှင့်မိဿဟာရဖွဲ့ကြ
လော့ဟု ဘုရားသခင်သည်ငါတို့အားဖြင့်နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ငါတို့သည်ခရစ်တော်၏ကိုယ်
စားဖြစ်၍သင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏။အဘယ့်ကြောင့်နည်းဟူမူကားဘုရားသခင်သည်အပြစ်
နှင့်ကင်းသောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။အကြောင်းမူကားထိုသူအားဖြင့်
ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။ကောရိ န္တုသြ၀ါဒစာဒုတိယစောင်
၅း၁၈-၂၁။
ထိုမျှမကငါ၏သခင်ယေရှုခရစ်ကိုသိသောပညာသည်အဘယ်မျှလောက်မြတ်သည်ကိုထောက်၍။
ဖိလိပ္ပိသြ၀ါဒစာ ၃း၉။
ထိုသို့ပူဇော်ရသည်မှန်လျှင်က မ္ဘဦးအစ၌အဖန်များစွာအသေခံတော်မူရ၏။ယခုမူကားဤကပ်ကာလအဆုံး၌
တခါတည်းကိုယ်ကိုပူဇော်သောအားဖြင့်အပြစ်များကိုသုတ်သင်ဖယ်ရှင်းခြင်းငှာပေါ်ထွန်းတော်မူ၏။
ဟေဗြဲသြ၀ါဒစာ ၉း၂၆။
(ဗျာဒိတ်ရူပါရုံနှင့်အနာဂတ္တိဖော်ပြချက်တို့ကိုတံဆိပ်ခတ်ခြင်းငှာ)တံဆိပ်သည်တရားအတိုင်းစာချုပ်များကို
မူလအမှန်စင်စစ်ဖြစ်စေဖို့ရန်သုံးတတ်သောအရာဖြစ်သည်။အနာဂတ္တိဖေါ်ပြချက်တို့ကိုယုံမှားခြင်းမရှိဘဲအမှန်
တည်ကြောင်းဤနေရာ၌(တံဆိပ်ခတ်ခြင်း)ဟူ၍ဆိုသည်။ရာက်ပေါင်း၂၃၀၀ ကိုဧကန်အမှန်ပြည့်စုံစေလိမ့်
မည်အကြောင်းကျွန်ုပ်တို့အားသာ၍ယုံကြည်စေသည်။
(အလွန်သန့်ရှင်းသောအရပ်ဌာကိုလိမ်းစေခြင်းငှာ) ဆိုသော်ယဇ်ပရောဟိတ်မင်း၏အလုပ်ဆောင်ရွက်ဖို့ရန်
ခရစ်တော်သည်မ၀င်မီကောင်းကင်နှင့်ဆိုင်သောသန့်ရှင်းရာဌာနကိုဘိသိတ်ခံခြင်းတည်းဟူသောဆီလိမ်း
ခြင်းကိုဆိုလိုသည်။
ယခုမူကားကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသောယဇ်ပရောဟိတ်မင်းအကြီးတည်းဟူသောဘုရားသခင်
၏သားတော်ယေရှုသည်ငါတို့၌ယဇ်ပရောဟိတ်မင်းဖြစ်တော်မူသောကြောင့်ငါတို့သည်ဝန်ခံခဲ့ပြီးသောအရာ
၌တည်ကြည်ကြကုန်အံ့။ငါတို့ယဇ်ပရောဟိတ်မင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခမျာေးကြာင့်မကြင်နာနိုင်
သောသူမဟုတ်။ငါတို့ခံရသည့်နည်းတူအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို့ကိုခံဘူးသောသူဖြစ်တော်မူ၏။
သို့ရာတွင်ဒုစရီုက်အပြစ်နှင့်ကင်းလွှတ်တော်မူ၏ထို့ကြောင့်ငါတို့သည်သနားခြင်းကရာဏာတော်ကို၎င်း၊တော်
လျှော်သောမစသောကျေးဇူးတော်ကို၎င်း၊ခံရမည့်အကြောင်းရဲရင့်သောစိတ်နှင့်ကျေးဇူးပလ္လင်တော်သို့တိုး
ဝင်ချဉ်းကပ်ကြကုန်အံ့။ဟေဗြဲကြ၀ါဒစာ ၄း၁၄-၁၆။
ထို့ကြောင့်ခရစ်တော်သည်လူတို့၏အပြစ်ဖြေစရာအကြောင်းကိုစီရင်၍ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့
၌ကရုဏာနှင့်၎င်း၊သစ္စာနှင့်၎င်း၊ပြည့်စုံသောယဇ်ပရောဟိတ်အကြီးဆုံးဖြစ်အံ့သောငှာ၊မိမိညီအကိုတို့နှင့်လုံး
လုံးတူရသောအကြောင်းရှိ၏။ ။ဟေဗြဲကြ၀ါဒစာ၂း၁၇။
သီတင်း၇၀ ၊ရက်ပေါင်း (နှစ်ပေါင်း) ၄၉၀ ဖြစ်၏။၎င်းးနှစ်ပေါင်း၄၉၀ သည်ဒံယေလဗျာဒိတ်ရူပါရုံမြင်ရသော
အချိန်ရက်ေါင်းနှစ်ပေါင်း ၂၃၀၀ က(ဆုံးဖြတ်) ရမည်။ထို့ကြောင့်၎င်းနှစ်ပေါင်း ၄၉၀ ၏ အစကိုသိလျှင် နှစ်ပေါင်း၂၃၀၀ ၏ အစကိုသိနိုင်သည်။
၁၂။ ထိုနှစ်ပေါင်း၄၉၀ ၏အစသည် ဘာအမှတ်ရှိသနည်း။
ထို့ကြောင့်ယေရုရှလင်မြို့ကိုတစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ခရစ်တော်သခင်
၏လက်ထက်တော်တိုင်အောင်ခုနှစ်သီတင်းနှင့်ခြောက်ဆယ်နှစ်သီတင်း ကြာလိမ့်မည်ဟုသိမှတ်နားလည်
လော့။အနှောင့်ယှက်ခံရသောကာလ၌မြို့လမ်းကိုတဖန်တည်ထောင်ပြုစုရမည်ဟုစီရင်ဆုံးဖြတ်ခြင်းရှိ၏။
ဒံယေလအနာဂတ္တိကျမ်း ၉း၂၅။
မှတ်ချက်။ ။သီတင်း ၇၀ မှ ၆၉ သီတင်းသည်ဘိသိတ်ခံသောခရစ်တော်သခင် လက်ထက်တိုင်အောင်အထိ
ရောက်သည်။ထိုအချိန်မှအစသည်(ယေရုရှလင်မြို့ကိုတဖန်တည်ထောင်ပြုစုစေခြင်းငှာအမိန့်တော်ရှိသည့်
နေ့) အားဖြင့်မှတ်သည်။ဤစကားကိုဒံယေလအားပြောသောအခါယေရုရှလင်မြို့သည်ပြိုပျက်လျှက်ရှိနေပြီ။
သို့သော်လည်းထိုမြို့ကိုတဖန်တည်ထောင်ပြုစုဖို့ရန်ဘုရားသခင်၏ကတိတော်ရှိသည်။

၁၃။တစ်ဖန်တည်ထောင်ပြုစုဖို့ရန်အမိန့်တော်သည်ဘယ်သောအခါထုတ်သနည်း။
ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမောရှေ၏ပညတ္တိကျမ်းစာကိုလေ့ကျက်သော
ဆရာဖြစ်သောသူ ဧဇရသည် ဗာဗုလုန်မြို့မှထွက်သွား၏။ ထိုသူတောင်းသမျှကိုသူ၏ဘုရားသခင်ထာဝရ
ဘုရားသခင်ထာဝရဘုရားတန်ခိုးတောေ်ကြာင့်ရှင်ဘုရင်ပေးသနားတော်မူ၏။အာတဇေရဇ်မင်းကြီးနန်းစံ
ခုနှစ်နှစ်တွင်အချို့သောဣသရေလအမျိုးသားယဖ်ပရောဟိတ်၊လေ၀ိသား၊သီချင်းသည်၊တံခါးစောင့်၊ဘုရား
ကျွန်တို့သည်လည်းယေရုရှလင်မြို့သို့လိုက်သွား၏။ရှင်ဘုရင်နန်းစံခုနှစ်နှစ်၊ပဉ္စမလတွင် ဧဇရသည်ယေရုရှ
လင်မြို့သို့ရောက်လေ၏။ပထမလတစ်ရက်နေ့တွင်ဗာဗုလုန်မြို့မှထွက်၍ပဉ္စမလ တစ်ရက်နေ့တွင် မိမိဘုရား
သခင်တန်ခိုးကျေးဇူးတော်ကြောင့် ယေရုရှလင်မြို့သို့ရောက်လေ၏။ ဧဇရ မှတ်စာ ၇း၆-၉။
ထာဝရဘုရား၏ ပညတ်စကားနှင့်ဣသရေလအမျိုး၌ထုံးဖွဲ့တော်မူချက်တို့ကိုလေ့ကျက်သောဆရာယဇ်
ပရောဟိတ်ဧဇရအား၊ဆာတဇေရဇ်မင်းကြီးပေးတော်မူသောအမိန့်တော်စာချက်ဟူမူကား၊သင်တို့၏ဘုရင်အာ
တဇေရဇ်သည်ကောင်းကင်ဘုံ၏အရှင်ဘုရားသခင့်တရားကျမ်းတတ်ဆရာယဇ်ပရောဟိတ်ဧဇရ၌ ခပ်သိမ်း
သောမင်္ဂလာဖြစ်စေသောဟူ၍ ဤမည်သောကာလတွင်မှာလိုက်၏။ငါ့နိုင်ငံ၌ရှိသောဣသရေလအမျိုးသား
ယဇ်ပရောဟိတ်၊လေ၀ိသားတို့တွင်ယေရုရှလင်မြို့သို့ကိုယ်အိလုအလျှောက်သွားချင်သောသူရှိသမျှတို့သည်
သင်နှင့်အတူလိုက်သွားရလိမ့်မည်အကြောင်းငါအမနိ့တော်၇ှိ၏။အကြောင်းမူကား။သင်ဒဘုရားသခင့်တရား
ကိုသင်လေ့ကျက်သည့်အတိုင်း၊ယုဒပြည်ယေရုရှလင်မြို့၌တရားအမှုများကိုမေးမြန်းစစ်ဆေးစေခြင်းငှာ၎င်း၊
ယေရုရှလင်မြို့မှာကျိန်းဝပ်တော်မူသောဣသရေလအမျိုးတို့၏ဘုရားသခင်အား၊ရှင်ဘုရင်နှင့်အတွင်းဝန်တို့
သည်ကြည်ညိုသောစိတ်နှင့်ပူဇော်သောရွှေငွေ နှင့်တကွ ဣသရေလအမျိုးသား၊ယဇ်ပရောဟိတ်တို့သည်
ယေရုရှလင်မြို့၏ဘုရားအိမ်တော်အဘို့ ၊အလိုလိုလျူ၍၊ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသောရွှေငွေကို
ဆောင်သွားစေခြင်းငှါ ၎င်း၊ရှင်ဘုရင်နှင့်အတွင်းဝန်ခုနှစ်ပါး၊စေလွှတ်၏။ထိုငွေကိုယူပြီးလျှင်နွား၊သိုးထီး၊
သိုးသငယ်နှင့်တကွ၊ဘောဖဉ်ပူဇော်သက္ကာ၊သွန်းလောင်းရာပူဇော်သက္ကာတို့ကို၊အလျှင်အမြန်ဝယ်၍၊ယေရု
ရှလင်မြို့၌ ရှိသောသင်တို့၏ဘုရားအိမ်တော်ယဇ်ပုလ္လင်ပေါ်မှာပူဇော်၇မည်။ကျနိကြွင်းသောရွှေငွေကိုသင်
နှင့်သင့်ညီအကိုတို့ကိုပြုချင်သမျအတိုင်း၊သင်တို့၏ဘုရားသခင်အလိုတော်နှင့်အညီပြုလော့။သင်၏ဘုရား
အိမ်တော်ဝတ်ပြုစရာအဘို့သင်၌အပ်ပေးသောတန်ဆာများကိုလည်း၊ယေရုရှလင်မြို့၏ဘုရားသခင်ရှေ့တော်
တွင်သိုထားလော့။သင်၏ဘုရားသခင်အိမ်တော်အဘို့လိုသေးသောအရာ၊၀ယ်သင့်သမျှတို့ကိုဘဏ္ဍာတော်
ထဲကထုတ်၍၀ယ်လော့။ကောင်းကင်ဘုံ၏အရှင်ဘုရားသခင့်တရားကိုလေ့ကျက်သောဆရာ၊ယဇ်ပရော
ဟိတ်ဧဇရ တောင်းသမျှအတိုင်းငွေအခွက်တထောင်၊ဂျုံဆန်ကောရတရာ၊စဗျစ်ရည်ဗက်တရာ၊ဆီဗက်တရာ၊
နှင့်တကွဆားမည်မျှမဆို၊မြစ်အနောက်ဖက်၌နေသောအခွန်ဝန်အပေါင်းတို့သည်၊အလျှင်အမြန်ပေးရမည်အ
ကြောင်းငါရှင်ဘုရင်အာတဇေရ အမိန့်တော်ရှိ၏။ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်မှာထားတော်မူသမျှ
အတိုင်း၊ထိုဘုရားသခင်၏အိမ်တော်အဖို့ကြိုးစား၍လုပ်ဆောင်စေ။ရှင်ဘုရင်နှင့်ဆွေတော်မျီုးတော်အပေါ်သို့
အဘယ်ော့ာင့်အမျက်တော်သက် ရောက်ရမည်နည်း။ထိုမှတပပါးယဇ်ပရောဟိတ် လေ၀ိသား၊သီချင်းသည်
တံခါးစောင့်၊ဘုရားကျွန်၊ဘုရားသခင်၏အိမ်တော်အမှုစောင့်တစုံတယောက်မျှ၊ငွေတော်ကိုမခွဲစေနှင့်။
အခွန်တော်အကောက်တော်ကိုမခံမယူစေနှင့်ဟုငါမှာလိုက်၏။သင်ဧဇရသည်လည်းသင်၏ဘုရားသခင့်
တရားကိုနားလည်သောမြစ်အနောက်ဖက်သားအပေါင်းတို့တွင်၊တရားအမှုကိုစီရင်စေခြင်းငှါ၎င်း၊မသိသော
သူတို့ကိုသွန်သင်စေခြင်းငှာ၎င်း၊မင်းများ၊တရားသူကြီးများကို၊သင်၏ဘုရားသခင်ဥာဏ်နှင့်သင်ပြည့်စုံသည်
အတိုင်းခန့်ထားလော့။သင်၏ဘုရားသခင့်တရားနှင့်ရှင်ဘုရင်အမိန့်တော်ကိုငြင်းဆန်သောသူမည်သည်
ကားအသေသတ်ခြင်းနှင်ထုတ်ခြင်း၊ဥစ္စာသိမ်းယူခြင်း၊ ၊ထောင်ထဲမှာလှောင်ထားခြငး၊တည်းဟူသော
ရာဇ၀တ်တစုံတခုကိုအလျှင်အမြန်ခံစေဟုအမိန့်တော်စာ၌ပါသတည်း။ဧဇရမှတ်စာ ၇း၁၁-၂၆။
မှတ်ချက်။ ။ မေဒိပေရံသိ၇ှင်ဘုရင်အာတေဇရဇ် နန်းစံသတ္တမ နှစ်သည်ရာဇ၀င်အတိုင်း ခရစ်တော်
မပေါ်ထွန်းမီသက္ကရာဇ် ၄၅၇ ခုနှစ်ဖြစ်သည်။
၁၄။ ခရစ်တော်မပေါ်ထွန်းမီ သက္ကရာဇ် ၄၅၇ ခုနှစ်မှစလျှင် ၆၉ သီတင်း(နှစ်ပေါင်း ၄၈၃ ) သည်ဘယ်သော
အခါ၌ကုန်ဆုံးသနည်း။
အဇြေ။ ။နှစ်ပေါင်း၄၈၃ သည်ခရစ်တော်မပေါ်ထွန်းမီ သက္ကရာဇ် ၄၅၇ ခုနှစ် ပထမနေ့မှစလျှင် ခရစ်တော်သက္ကရာဇ် ၂၆ ခုနှစ်နောက်ဆုံးနေ့တွင် ပြည့်စုံမည်။သို့သော်လည်း ဧဇရ သည် ယေရုရှလင်မြို့သို့
ရောက်သောအခါ ၎င်း ၄၅၇ ခုမြောက်သောနှစ်၌ငါးလလွန်လေပြီ။ထို့ကြောင့်နှစ်ပေါင်း၄၈၃ သည်ခရစ်
သက္ကရာဇ် ၂၆ ခုနှစ်နောက်ဆုံးနေ့၌ မကုန်မဆုံးသေး။သို့သော် ၂၇ ခုမြောက်သောနှစ်၊ ပဉ္စမလ ကျရောက်
မှသာကုန်ဆုံးမည်။ယုဒလူတို့သည်သူတို့၏နှစ်ကိုစရေတွက်သောအခါမြန်မာလူမျိုးတို့ကဲ့သို့ရေတွက်ကြသည်။
ထို့ကြောင့်၎င်းပဉ္စမ လသည် အင်္ဂလိပ်နှစ်တွင် ၈-၉ လနှင့်ညီမျှသည်။
၁၅။ ။ခရစ်တော်နှင့်မေ၇ှိယဆိုသောစကားတို့၏အဓိပ္ပါယ်အဘယ်သို့နည်း။
အဖြေ။ ။ဟေဗြဲ စကားနှင့် မေရှိယ၊ဟေသလ စကားနှင့် ခရစ်တော်၊မြန်မာစကားနှင့် ဘိသိတ်ခံသော
သူဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင် ၁း၄၁။
၁၆။ ဘယ်သောအခါ၌ ဘိသိတ်ခံတော်မူသနည်း။
လူအပေါင်းတို့သည်နှစ်ခြင်းကိုခံကြသောအခါ ယေရှုသည်လည်းနှစ်ခြင်းကိုခ့တော်မူ၍ဆုတောင်းစဉ်တွင်
ကောင်းကင်ဖွင့်လှစ်သဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျှက် ကိုယ်တော်
အပေါ်၌ဆင်းသက်တော်မူ၍သင်ကားငါနှစ်သက်မြတ်နိုးရာ ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်
ဖြစ်လေ၏။ ရှင်လုကာခရစ်ဝင် ၃း၂၁-၂၂။
ထိုအကြောင်းအရာဟူမူကား၊ဘုရားသခင်သည်သန့်ရှင်းသော ၀ိညာဉ်တော်နှင့်၎င်း။တန်ခိုးတော်နှင့်၎င်း၊
နာဇရက်မြို့သားယေရှုကိုဘိသိတ်ပေးတော်မူသဖြင့်ထိုသူသည်ဘုရားသခင်၏အမှုတော်နှင့်ကျေးဇူးပြုလျှက်
မာရ်နတ်ညှဉ်းဆဲသောသူအပေါင်းတို့အား၊ချမ်းသာပေးလျှက်လှည့်လည်တော်မူ၏။တမန်တ်ာဝတ္ထု ၁၀း၃၈။
မှတ်ချက်။ ခရစ်တော်သက္ကရာဇ် ၂၇ ခုနှစ် ပဉ္စမ လလောက်တွင် သခင်ယေရှုခရစ်သည်နှစ်ခြင်းခံတော်မူ
သည်။ဤနှစ်သည်ရောမဘုရင် တိဗေရိ ၊ကဲသာနန်းစံ ၁၅ နှစ်တွင်ဖြစ်သည်။
၁၇။ သီတင်း၇၀ ထဲက ကျန်နေသော တစ်သီတင်းအလယ်၌ ဘာဖြစ်စေသနည်း။
တစ်သီတင်းတွင် လူအများတို့နှင့် ပဋ္ဋိညာဉ်ဖွဲ့ ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့်ဆပ်ကပ်
ခြင်းကို ပပျောက်စေလိမ့်မည်။ရွံရှာဖွယ်သောအရာ၏၊အထွက်အပေါ်သို့ ဖျက်ဆီးသောသူသည်စီရင်ဆုံး
ဖြတ်သောသုတ်သင်ပယ်ရှင်းခြင်းသည်ပျက်စီးအပ်သောသူတို့ကို မလွှမ်းမိုးမီတိုင်အောင်ထိုသို့ဖြစ်လိမ့်မည်
ဟုကြားပြော၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၇။
မှတ်ချက်။ ။ ၆၉ သီတင်းအလွန်ခရစ်တော်သည်အသေသတ်ခြင်းခံ၍ (ငယ် ၂၆) ယဇ်ပူဇော်ခြင်းနှင့် ဆပ်
ကပ်ခြင်းကိုပပျောက်စေသည်။(ငယ်၂၇) ဤ အချက်သည် ခရစ်တော်အသေခံခြင်းအကြောင်းအနာဂတ်ဖြင့်
ဖော်ပြ၍သီတင်းတ၀က်ဖြစ်သည်။၆၉ သီတင်းသည်ခရစ်သက္ကရာဇ် ၂၇ အင်္ဂလိပ် ၈-၉ လတွင် ပြည့်၍၊
(သီတင်းဝက် ) သုံးနှစ်ခွဲသည်ထိုသက္ကရာဇ် ၂၇ ခု၊၈-၉ လ နှင့်ပေါင်းလိုက်သော် သက္ကရာဇ် ၃၁ ခု ၊၂-၃
လသို့ရောက်စေသည်။သုံးနှစ်ခွဲပါတ်လုံးအမှုတော်ကိုဆောင်ရွက်ပြီးသည့်နောက် ခရစ်တော်သည် ထိုသက္က
ရာဇ် ၃၁ခု၊၂-၃ လတွင် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းခံတော်မူသည်။
၁၈။ နောက်ဆုံးတစ်သီတင်းတွင် ဘာလုပ်တော်မူသနည်း။
(တစ်သီတင်းတွင် လူအများတို့နှင့်ပဋိညာဉ်ဖွဲ့သည်) ဒံယေလအနာဂတ္တိကျမ်း ၉း၂၇။
မှတ်ချက်။ ။ ယုဒလူတို့ကိုမိမိပိုင်ထိုက်တော်မူသော အမျိုးဖြစ်စေဖို့ ပဋိညာဉ်တော်သည် သီတင်း၇၀ တွင်
နောက်ဆုံးသီတင်းအဆုံး၌ ကုန်ဆုံးသည်။၆၉ သီတင်းသည်ခရစ်သက္ကရာဇ်၂၇ ခုနှစ်တွင်ကုန်ဆုံး၍(တစ်
သီတင်း) ခုနှစ် နှင့်ပေါင်းလိုက်သော် သက္ကရာဇ် ၃၄ ခုနှစ်ဖြစ်လေသည်။ခရစ်တော်သည် ယုဒ လူမျိုးအား
သုံးနှစ်ခွဲပါတ်လုံး၊မိမိအမှုတော်ဆောင်ရွက်ခြင်းအားဖြင့် ပဋိညာဉ်ဖွဲ့သည်။ကျန်သုံးနှစ်ခွဲ မှာ၊( သခင်ဘုရား
ဟောတော်မူ၍ ဒေသနာစကားတော်ကိုကြားရသောသူတို့) (ဟေဗြဲ ၂း၃-၄) သည် ပဋိညာဉ်ဖွဲ့ ကြ၏။
သက္ကရာဇ် ၃၄ ခုနှစ်တွင် ဘုရားသခင်သည် တစ်ပါးအမျိုးသားတို့အားလည်း၊ကယ်တင်ခြင်းရဖို့ရန် အခွင့်
ကိုပေးကြောင်း မျာဒစွာသောအကြောင်းနှင့်ပြသည်မှာ သတေဖန်ကိုသတ်၍ တစ်ပါးအမျိုးသားတို့အဖို့ 
ဖြစ်သောပေါလုသည် သခင်ဘုရားဖက်သို့ပြောင်းလဲသည်။ဘုရားသခင်အမိန့်တော်အတိုင်း ပေတရုသည်
ကောနေလိအိမ်သို့သွား၍အိမ်သူအိမ်သားအပေါင်းတို့အား အသက်လမ်းကိုဟောပြော၏။ဖိလိပ္ပုသည် ရှမာ
ရိလူတို့အား တရားဟောသည်။ဤအချိန်မှစ၍ ယုဒလူတို့သည် သမ္မာတရားကိုငြင်းပါယ်သောအခါ တမန်
တော်တို့သည်ချက်ခြင်းမျက်နှာလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။တမန်တော် ၀တ္ထု၁၃း၄၆။
ယုဒလူမျိုးအဖို့ ဆုံးဖြတ်သောအချိန်သည် ကုန်ဆုံး၍၊ ဒံယေလ ၉ တွင် အနာဂတ္တိစကားတော်သည်ပြည့်
စုံလေ၏။
၁၉။ ရက်ပေါင်း ၂၃၀၀ သည် ဘယ်သက္ကရာဇ်ထိအောင်ရောက်သနည်း။
အဖြေ။ ။အထက်ကပြလာသည်အတိုင်း သီတင်း၇၀ ( နှစ်ပေါင်း ၄၉၀ ) သည် ခရစ်တော်သက္ကရာဇ် ၃၄
နှစ်တွင် ရောက်သည်။နှစ်ပေါင်း၂၃၀၀ မှ နှစ်ပေါင်း ၄၉၀ နှုတ်သော် ၊၁၈၁၀ နှစ်မျှကျန်သည်။၁၈၁၀ နှစ်များ
သည် ခရစ်သက္ကရာဇ် ၃၄ ခုနှစ်ပေါင်းလိုက်သော် ၁၈၄၄ ခုနှစ်သို့ ရောက်၍ ၎င်းးနှစ်၌ သန့်၇ှင်းရာ ဌာနကို
ဆေးကြောသုတ်သင်သည် ။ ဒံယေလအနာဂတ္တိကျမ်း ၈း၁၄။
သန့်ရှင်းရာ ဌာန ဆေးကြေားသုတ်သင်ခြင်းကို နားလည်ဖို့ရန် သန့်ရှင်းရာ ဌာနနှင့် ၀တ်ပြုခြင်းအကြောင်း
ကို ကြည့်ပါ။

ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏

The Ten Commandments Today the Decalogue is being forcibly removed from schools, government institutions and other public places. Havi...