ဘုရားသခင်၏ အမှတ်တံဆိပ်


သင်တို့ကိုခေါ်တော်မူပြီ၊ခရစ်တော်သည်ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ။ ရှင်ပေတရုသြဝါဒစာပဌမစောင်၂း၂၁
(က)ယေရှုခရစ်တော် သတ္ထမနေ့ ဥပုသ်နေ့ကိုစောင့်ရင်လိုက် စောင့်ရောက်ပါ(ခ) ယေရှုခရစ်တော် ရှင်ပြန်ထမြောက်နေ့ ကိုပြောင်းလဲခြင်း သမ္မာကျမ်းစာမှာရှိရင်လိုက်ကျင့်ပါ
၁၇။ခရစ်ယာန်မဟုတ်သော တပါးအမျိုးသားတို့သည် ဥပုသ်နေ့ သတ္ထမနေ့ဥပုသ်စောင့်ထိန်းခြင်းရှိသနည်း
လူများတို့သည် တရားစရပ်မှထွက်သွားကြစဉ်၊ ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ် နေ့၌ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။ တမန်တော်ဝတ္ထု ၁၃း၄၂
၁၈။ယေရှုခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက် သတ္ထမနေ့ဥပုသ်စောင့်ရှောက်ဘို့ရန်အကြံစီရှိသနည်း။
သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်းမကျမည် အကြောင်း ဆုတောင်းကြလော့။ ရှင်မဿဲခရစ်ဝင် ၂၄း၂၀
မှတ်ချက်။ယေရှုခရစ်တော် သည်တပြည့်များ အထူသတိပေးအချက်ကိုတွေရှိရသည် အသင်တို့ပြေးရကာလ၌ ဥပုသ်နေ့၌လည်းမကြမည်အကြောင်း ဆုတောင်ပါဟူ၍ အထူဘဲသတိပေးခြင်ဖြစ်သည်
၁၉။ဘုရားသခင် ကျွန်တို့သည် ယေရှုကိုယုံကြည်ခြင်းအားအဘယ်သို့ရှိကြသနည်း
ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာ အကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း ၁၂
နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ ဗျာဒိတိကျမ်း ၁၂း ၁၇
ဘုရားသခင်၏ပညတ်တော်တို့သည်အဘယ်သို့ရှိသနည်း
ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
ခြောက်ရက် ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။
သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။
အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ ထွက်မြောက်ရာကျမ်း ၂၀း၈-၁၁
၁၉။ပညတ်တရားတော်တို့အဘယ်သိ့အားဖြင့်လွန်ကျူးကြသနည်း
ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန် ကျူးခြင်းဖြစ်သတည်း။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၎
အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။ရောမသြဝါဒစာ ၆း၂၃
၂၁။ဘုရားသခင် အပြစ်တရားကိုအဘယ်သို့မိန့် သနည်း
အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သောငါ၏ လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဘော်ပြလော့။ ဟေရှာယအနာဂတ္တိကျမ်း ၅၈း၁
သင်သည်လည်း ပြိုပျက်သောမြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာ လမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကိုခံရလိမ့်မည်။သင်သည်ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သောနေ့မှာ ကိုယ်အလိုသူ့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သော နေ့ဟူ၍ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကိုမပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင်၊
ဟေရှာယအနာဂတ္တိကျမ်း ၅၈း၁၃
၂၂းကောင်းကင်သစ်နှင့်မြေကြီသစ်၌ ဥပုသ်စောင့်ဘို့ရှိသေးသနည်း
ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွှယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏၊၊
လူသတ္တဝါအပေါင်းတို့သည်ငါ့ရှေ့မှာကိုးကွယ်ခြင်းငှါလဆန်းနေ့ နှင့်ဥပုသ်နေ့အစဉ်အတိုင်းလာကြလိမ့်မည်ဟု
ထာဝရဘုရား မိန့်တော်မူ၏၊၊ ဟေရှာယအနာဂတ္တိကျမ်း ၆၆း၂၂-၂၃
၂၃။အဘယ်သို့အားဖြင့် ဥပုသ်နေ့ရှိခြင်းဖြစ်သညန်း
ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည်ခမည်းတော်ကိုတောင်း၍၊ ရှင်ယောဟန်ခရစ်ဝင် ၁၄း၁၅
၂၄။ကျွန်ပ်တို့သည် ဖန်ဆင်းအရှင်ကိုအဘယ်သို့အားကျွန်ပ်၏သခင်ဖန်ဆင်းအရှင်ဟူ၍သိရှိနိုင်မည်သနည်း
(က)ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ဥပုသ်နေ့ကိုအဘယ်ကြောင့်အောက်
ခြင်းရှိရမည်သနည်း။ ခြောက်ရက် ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။
(ခ)သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။အဘယ်သူ့ ဥပုသ်နေ့လဲ(ဂ)ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။(ဃ) အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကိုခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
၂၅။အယ်ကြောင့် ဝမ်းမြောင်ခြင်းနှင့် ဥပုသ်နေ့ စောင်ရှောက်ရမည်သနည်း
ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။ရှင်မာကုခရစ်ဝင် ၂း၂၇-၂၈
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။
ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ရှင်ယောဟန်ခရစ်ဝင် ၁း၁-၃
ရှေးလွန်လေပြီးသောအခါပရောဖက်များအားဖြင့်ဘိုးဘေးတို့အားအထပ်ထပ်အနည်းနည်းဗျာဒိတ် ပေးတော်မူသောဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့်ငါတို့အားဗျာဒိတ် တော်ပေးတော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်းလောကဓာတ်တို့ကို တည်တော်မူ၏။ ဟေဗြဲသြဝါဒစာ ၁း၁-၂
ကုန်နိုင်သောခရစ်တော်၏ကြွယ်ဝပြည့်စုံခြင်း၏ဧဝံဂေလိတရားကိုတပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့်ဖန်ဆင်းတော်မူသောဘုရားသခင်၌ရှေးကပ်ကာလပတ်လုံးဝှက်ထားလျက်
ရှိသော ထိုနက်နဲသောအရာ နှင့်စပ်ဆိုင်သော သာသနာသည် အဘယ်သို့ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊ သန့်ရှင်းသူ အပေါင်းတို့တွင် အငယ်ဆုံးသောသူထက်သာ၍ ငယ်သောငါအား ထိုကျေးဇူးတော်ကို ပေးတော်မူသည်။ ဧဖက်သြဝါဒစာ ၃း၉
မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။
အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။ ကောလောသဲသြဝါဒစာ ၁း၁၃-၁၇
၂၆။ထိုသခင်၌ အဘယ်သို့ သစ္စာရှိကြမည်သနည်း
ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည်ခမည်းတော်ကိုတောင်း၍၊ ရှင်ယောဟန်ခရစ်ဝင် ၁၄-၁၅
ငါတို့သည် ဘုရားသခင်ကို ချစ်၍၊ ပညတ်တော်တို့ ကိုစောင့်ကြလျှင်၊ ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကိုငါတို့ သိရကြ၏။ ပညတ်တော် တို့ကို ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ ချစ်ကြသည်ကို ငါတို့သိရကြ၏ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း၂-၃
ထိုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။
ထိုသခင်၌ ငါသိ၏ဟု ဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်။ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၃-၆
သိုဖြစ်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။ရောမသြဝါဒစာ ၃း၃၁

ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏

The Ten Commandments Today the Decalogue is being forcibly removed from schools, government institutions and other public places. Havi...