ဒံယေလအနာဂတ္တိကျမ်း၌ကမ္ဘာ၏ အနာဂတ်သမိုင်း




 ၁။ဒံယေလ အနာဂတ္တိကျမ်း အခန်းကြီး ၂ ၌ ဘာမှတ်သားစရာကောင်းသော အိမ်မက်ရေးထားသနည်း။
နေဗုခဒ် နေဇာမင်းသည်နန်းစံနှစ်နှစ်တွင် အိမ်မက်ကိုမြင်တော်မူ၍ ထိတ်လန့်ခြင်းစိတ်၇ှိသောကြောင့်၊
စက်တော်မခေါ်နိုင်သည်ဖြစ်၍ အိမ်မက်တော်ကိုပြန်ပြောစေခြင်းငှါ မာဒဂုပညာရှိ၊ဗေဒင်တတ်သူပြုဆရာ၊
ခါလဒဲဆရာတို့ကိုခေါ်ချေဟု၊အမိန့်တော်၇ှိသည့်အတိုင်း၊သူတို့သည်အထံတော်သို့ရောက်လာကြသည်ရှိ
သော် ရှင်ဘုရင်က ငါသည်အိမ်မက်ကိုမြင်ပြီ။ထိုအိမ်မက်ကိုမသိနားမလည်သည်ဖြစ်၍စိတ်မအီမသာရှိ
သည်ဟုမိန့်တော်မူ၏။ခါလဒဲပညာရှိတို့ ကလည်း၊အရှင်မင်းကြီး၊အသက်တော် အစဉ်အမြဲရှင်ပါစေ။ကျွန်ုပ်
တို့အား အိမ်မက်တော်ကိုမိန့်တော်မူပါ။ကျွန်ုပ်တို့သည်အနက်ကိုဖော်ပြပါမည်ဟု၊ရှရိဘာသာဖြင့်လျှောက်
ကြ၏။ ဒံယေလအနာဂတ္တိကျမ်း ၂း၁-၄။
မှတ်ချက်။  ။ဤဘုရားကြည်ညိုသောဆရာတို့သည် ဘုရားနှင့်ဆက်ဆံနိုင်ကြောင်းအထင်အရှားဟန်ဆောင်
ကြသည်။ထိုသူတို့ သည်ဗာဗုလုန်နန်းတော်၌ ဘုရား၏သံတမန်များဖြစ်ယောဆောင်ကြ၍ နေစဉ်သူတို့သည်
မိမိတို့ရာထူးအလိုက်အိမ်မက်၏အနက်အဓိပါယ်ကိုမကြာမကြာဖော်ပြဟောပြော၍ အတုအယောင်ဘာ
သာအမှုအရေးများကိုပြုလုပ်ဆောင်ရွက်ကြသည်။၎င်းအရာများတို့၏လျှို့ဝှက်ခြင်းကို ဘုရားသခင်သည်ရှင်
ဘုရင်အားဤအိမ်မက်ငြေ့်ထင်ရှားစွာဖော်ပြသည်။၎င်းရှင်ဘုရင်သည်ငယ်စဉ်အရွယ်ကပင်လှည့်ဖြားခြင်း
ကိုခံခဲ့ရသော်လည်းဖြောင့်မတ်သောသူဖြစ်၍ယခုထိုသူတို့၏လိမ်လည်ခြင်းကိုသည်းမခံနိုင်။

၂။၎င်းဗာဗုလုန်မြို့ကဘုရားတရားကြည်ညိုသောဆရာများတို့၏လျှို့ဝှက်ခြင်းထင်ရှားသောအခါ ရှင်ဘုရင်
သည်အဘယ်ကဲ့သို့ သဘောပိုက်၍ဘာလုပ်သနည်း။
ရှင်ဘုရင်ကလည်း၊ငါအမိန့်တော်ရှိပြီးထိုအိမ်မက်နှင့်အနက်ကိုသင်တို့မဖော်မပြလျှင်သင်တို့ကိုအပိုင်းပိုင်း
စဉ်းမည်။သင်တို့အိမ်များကိုလည်းနောက်ချေးပုံဖြစ်စေမည်။အိမ်မက်နှင့်အနက်ကိုဖော်ပြလျှင်၊ဆုလပ်သပ်
ပကာဂုဏ်အသရေများကိုငါပေးမည်။သို့ဖြစ်၍။အိမ်မက်နှင့်အနက်ကိုငါ့အားဖေိာပြကြဟု၊ခါလဒဲပညာရှိတို့ 
ကိုမိန့်တော်မူ၏။ထိုသူတိုက အရှင်မင်းကြီးမြင်မက်တော်မူချက်ကိုအမိန့်ရှိတော်မူပါ။အကျွန်ုပ်တို့သည်အ
နက်ကိုဖော်ပြပါမည်ဟုတဖန်လျှောက်ကြပြန်လျှင်ရှင်ဘုရင်ကငါ့အမိန့်တော်ရှိပြီးသောကြောင့်သင်တို့သည်
နေ့ရက်အချိန်ကာလကြာစေခြင်းငှါရွှေ့ ချင်သည်ကိုငါအမှန်သိ၏။အိမ်မက်ကိုငါ့အားမဖော်ပြလျှင်၊သင်တို့
သည်အကြံတခုတည်းသာရှိသည်ဖြစ်၍၊ကာလပြောင်းလဲသည့်တိုင်အောင်။ငါ့ရှေ့၌ လျှောက်စရာဖို့ ကောက်
ကျစ်လိမ်လစ်သောစကားကိုပြင်ဆင်ကြနှင့်ပြီ။အိမ်မက်ကိုပြန်ပြောကြ၊ထိုသို့ပြောလျှင်၊အိမ်မက်အနက်ကို
ဖော်ပြနိုင်သည်ကိုငါသိမည်ဟုပြန်၍မိန့်တော်မူ၏။
ခါလဒဲဆရာတို့ကလဲအရျင်မင်းကြီး၏အမှုအရာကိုဖြေနိုင်မည့်သူ။မြေကြီးပေါ်မှာတယောက်မျှမရှိပါ။အဘယ်
မည်သောရှင်ဘုရင်သည်ဘုန်းတန်ခိုးကြီးသော်လည်း၊မာဂုပညာရှိဗေဒင်တတ်၊ခါလဒဲဆရာတို့ ကိုဤသို့မေး
မြန်းလေ့မရှိပါ။အရှင်မင်းကြီးမေးမြန်းတော်မူသောအရာသည်ခက်ခဲသောအရာဖြစ်ပါ၏။လူပကတိနှင့်မဆက်
ဆံသောဘုရားမှတပါးအဘယ်သူမျှအရှင်မင်းကြီးရှေ့ တော်၌မထုတ်မဖော်နိုင်ပါဟုတဖန်ပြန်ကြားလျှောက်
ထားကြ၏။ ဒံယေလအနာဂတ္တိကျမ်း၂း၅-၁၂။

၃။ ဒံယေလသည် ဘာအသနားခံ၍ ဘာအခွင့်ကိုရသနည်း။
ဒံယေလက၊ရှင်ဘုရင်၏အမိန့်တော်သည်အယ်ကြောင်ဤမျှလောက်လျှင်မြန်သနည်းဟုဗာဗုလုန်ပညာရှိ
တို့ ကိုပယ်ရှင်းခြင်းငှါထွက်သွားသောကိုယ်ရံတော်တပ်မှူးအာရုတ်ကိုသတိပညာနှင့်မေးမြန်း၍၊အာရုတ်
သည်ထိုအကြောင်းကိုကြားပြောလျှင်ဓံယေလသည်နန်းတော်သို့ဝင်၍အိမ်မက်တော်ကိုဖြေရှင်းရသော
နေ့ရက်အချိန်ကိုပေးတော်မူမည်အကြောင်းအသနားတော်ခံပြီး။ဒံယေလအနာဂတ္တိကျမ်း၂း၁၄-၁၆။

၎ ။ ထိုပညာရှိသောသူတို့ တိုင်းမထွာမဖော်ပြနိုင်သောကောင်းကင်၏နက်နဲခြင်းအမှုအရာကိုဘုရားသခင်
သည်ဒံယေလအားဖော်ပြသလော။
ညဥ့်အခါဖေါ်ပြချက်အားဖြင့်ထိုနက်နဲသောအရာကိုဒံယေလအားဘု၇ားသခင်ဖေါ်ပြတော်မူ၏။
 ဒံယေလအနာဂတ္တိကျမ်း၂း၁၉။

၅။ ဒံယေလ၏ကျေးဇူးတင်ခြင်းပတ္ထနာ၌ဘာကြီးကျယ်သောသမ္မာတရားအကြောင်းရေးထားသနည်း။
ကာလအချိန်ဥတုများကိုပြောင်းလဲစေတော်မူ၏။ရှင်ဘုရင်တို့ကိုလည်းနှိမ့်ချချီးမြောက်တော်မူ၏။ပညာရှိတို့
အားပညာကိုပေးတော်မူ၏။ဥာဏ်ရှိသောသူတို့သည်ကျေးဇူးတော်အားဖြင့်သာထိုးထွင်း၍နားလည်တတ်ကြ
၏။ နက်နဲခက်ခဲသောအရာတို့ကိုထင်ရှားစွာပြတော်မူ၏မှောင်မိုက်၌ရှိသမျှတို့ ကိုသိမြင်၍အလင်း၏တည်
ရာဖြစ်တော်မူ၏။အကျွန်ုပ်ဘိုးဘေးတို့၏ဘုရားသခင်အကျွန်ုပ်အားပညာရေးအစွမ်းသတ္တိကိုပေးသနား၍
အကျွန်ုပ်တို့ဆုတောင်းသည့်အတိုင်း၊ရှင်ဘုရင်၏အိမ်မက်ကိုဖွင့်ပြတော်မူသောကျေးဇူးတော်ကိုချီးမွမ်း
ထောပနာပြုပါ၏ဟု ဒံယေလမွက်ဆိုပြီး။ဒံယေလအနာဂတ္တိကျမ်း၂း၂၁-၂၃။

၆။ မိမိအားဘုရားသခင်ဖွင့်ပြတော်မူသောအကြောင်းအရာကိုဒံယေလသည်ရှင်ဘုရင်အားဘယ်ကဲ့သို့
လျှောက်သနည်း။
ဒံယေလကအရှင်မင်းကြီးမေးမြန်းတော်မူသောအရာကိုပညာရှိ၊ဗေဒင်တတ်၊မာဂုဆရာ၊အနာဂတ္တိဆရာတို့
သည်အရှင်မင်းကြီးအားဘော်ပြခြင်းငှါမတတ်နိုင်ကြပါ။နက်နဲသောအရာတို့ကိုဖွင့်ပြ၍ နောင်ကာလ၌ဖြစ်လတံ့
သောအရာတို့ကိုနေဗုခဒ် နေဇာမင်းကြီးအား၊ကြားပြောတော်မူသောဘုရားသခင်တဆူသည်ကောင်းကင်
ဘုံမှာရှိတော်မူ၏။  ဒံယေလအနာဂတ္တိကျမ်း၂း၂၇-၂၈။

၇။ အိမ်မက်၏ အတ္ထုပ္ပတ္ထိ များကိုပြောပြလော့။
အရှင်မင်းကြီး၊စက်တော်ခေါ်၍မြင်မက်တော်မူသောရူပါရုံဟူမူကားကိုယ်တော်သည်ကြည့်ရှု၍ ရုပ်တုကြီးကို
မြင်မက်တော်မူ၏။ထူးမြတ်သောအရောင်အ၀ါနှင့်ပြည့်စုံ၍ကြီးမြင့်သောထိုရုပ်တုသည်ကြောက်မက်ဖွယ်
သောပုံသဏ္ဍာန်ကိုဆောင်လျှက်ကိုယ်တော်ရှေ့၌တည်ရှိ၏။သူ၏ဦးခေါင်းသည်ရွှေစင်ဖြစ်၏။ရင်ပတ်နှင့်
လက်နှစ်ဖက်သည် ငွေဖြစ်၏။ဝမ်းနှင့်ပေါင်နှစ်ဖက်သည်ကြေးဝါဖြစ်၏။ခြေသလုံးနှစ်ဖက်သည်သံဖြစ်၏။
ခြေဘ၀ါးနှင်ဖမိုးသည်သံတပိုင်း၊သရွတ်တပိုင်းဖြစ်၏။ကိုယ်တော်သည်ကြည့်ရှုတော်မူစဉ် လက်ဖြင့်မထု
မလုပ်ဘဲအလိုလိုဖြစ်သောကျောက်တလုံးသည်သံနှင့်သရွတ်ဖြစ်သောရုပ်တု၏ခြေကိုထိခိုက်၍ ချိုးဖဲ့သည်
ရှိသော်၊သံ သရွတ် ကြေးဝါ ငွေ ရွှေတို့သည်ကျိုးပဲ့ကြေမွလျှက်နွေကာလ၌ကောက်နယ်တလင်းအမှုန့်ကဲ့
သို့ဖြစ်သဖြင့်လေတိုက်လွှင့်၍ သူတို့နေရာမရှိပျောက်လေ၏။ရုပ်တုကိုထိခိုက်သော ကျောက်မူကား၊တိုး
ပွါးသဖြင့်တောင်ကြီးဖြစ်၍ မြေကြီးတပြင်လုံးကိုဖုံးလွှမ်းသည်ဟုမြင်မက်တော်မူ၏။
 ဒံယေလအနာဂတ္တိကျမ်း၂း၃၁-၃၅။

၈။ ထိုရွှေဦးခေါင်း၏အနက်အဓိပ္ပါယ်ဘာဆိုလိုသနည်း။
အရှင်မင်းကြီး၊ကိုယ်တော်သည်ဘုရင်တို၏ဘုရင်ဖြစ်တော်မူ၏။ကောင်းကင်ဘုရှင်ဘုရားသခင်သည်နိုင်ငံနှင့်
တကွတန်ခိုးအာနုဘော်အစွမ်းသတ္တိဘုန်းအသရေကိုကိုယ်တော်အားပေးတော်မူပြီ။လူနေရာရှိသမျှတို့နှင့်
မြေကြီးသားတိရစ္ဆန်မိုဃ်းကောင်းကင်ငှက်များတို့ကိုကိုယ်တော်လက်၌အပ်ပေး၍ ကိုယ်တော်သည်အလုံး
စုံကိုအုပ်စိုးရသောအခွင့်ရှိတော်မူ၏။ကိုယ်တော်သည်ရုပ်တု၏ရွှေဦးခေါင်း ဖြစ်တော်မူ၏။
 ဒံယေလအနာဂတ္တိကျမ်း၂း၃၇-၃၈။
ဗာဗုလုန် နိုင်ငံသည်နေဗုခနေဇာမင်းကြီး၏နိုင်ငံဖြစ်၏။  ဒံယေလအနာဂတ္တိကျမ်း ၁း၁။

၉။ငွေနှင်ေ့ကြးဝါတိုသည်ဘယ်နိုင်ငံ များကိုအဓိပ္ပါယ်ဖော်ပြသနည်း။
ကိုယ်တော်နောက်၌ကိုယ်တော်၏နိုင်ငံလောက် မမြတ်သောနိုင်ငံတစ်ခုသည်တည်ထောင်လိမ့်မည်။ထို့
နောက်မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသောတတိယနိုင်ငံ ကိုထူထောင်လိမ့်မည်။
  ဒံယေလအနာဂတ္တိကျမ်း၂း၃၉။
 တရံရောအခါ  ဗေလရှာဇာမင်းကြီးသည် မှူးမတ်တထောင်ကိုခေါ်ပြီးလျှင် ကြီးစွာသောပွဲကို လုပ်၍၊မှူးမတ်
တထောင်နှင်တကွ စပျစ်ရည်ကို သောက်တော်မူ၏။စပျစ်ရည်ကိုသောက်တော်မူ၏။စပျစ်ရည်ကိုမြည်းစမ်း
သောအခါ၊ယေရုရှလင်မြိုဗိမာန်တော်ထဲကခမည်းတော်နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊
ငွေဖလားတို့နှင့်ကိုယ်တော်တိုင်မှစ၍ မင်းသား၊မိဘုရား၊မောင်းမမိဿံတို့သည် သောက်ရမည်အကြောင်း
ထိုဖလားတို့ကိုယူခဲ့ရမည်ဟု အမိန့်တော်ရှိသည့်အတိုင်း ယေရုရှလင်မြို့ ၌ရှိသော ဘုရားသခင်ဗိမာန်တော်
တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကိုယူခဲ့၍ မင်းကြီး၊မင်းသား၊မိဘုရား၊မောင်းမမိဿံတို့သည်
ထိုဖလားတိုနှင့်သောက်ကြ၏။စပျစ်ရည်ကိုသောက်၍ရွှေဘုရား၊ငွေဘုရား၊ကြေးဝါဘုရား၊သံဘုရား၊သစ်သား
ဘုရား၊ကျောက်ဘုရားတို့ကို၊ချီးမွမ်းကြ၏။
ထိုအချိန်နာရီတွင် လူ၏လက်ဖျားသည်ပေါ်လာ၍မီးခုံအထက်၊နန်းတော်အုတ်ထရံ၊အင်္ဂတေ၌အက္ခရာတင်၍
ရေးထား၏။ထိုသို့ရေးသောလက်ဖျားကိုရှင်ဘုရင်မြင်တော်မူလျှင် မျက်နှာတော်ညိုးငယ်၍ စိတ်ပူပန်ခြင်းသို
ရောက်သဖြင့်၊ခးဆစ်ပြုတ်မတတ်ဖြစ်၍ူ ဒူးခြင်းထိခိုက်သည်ရှိသော် ဗေဒင်အတတ်၊ခါလဒဲဆရာ၊အနာဂတ္တိ
ဆရာတို့ကိုခေါ်ချေဟု၊ဟစ်ကြော်ပြီးလျှင်၊ထိုစာကိုဘတ်၍အနက်ကိုဖော်ပြနိုင်သောသူသည်၊အ၀တ်နီကိုဝတ်
ဆင်၍လည်ပင်း၌ရွှေစလွယ်ဆွဲလျှက် နိုင်ငံတော်တွင် တတိယမင်းဖြစ်စေဟု ဗာဗုလုန် ပညာရှိတို့အား အမိန့်
တော်ရှိ၍ပညာရှိဆရာတော်အပေါင်းတို့သည် လာရောက်ကြသော်လည်း ထိုစာကိုမဘတ်နိုင်ကြ။အနက်အ
ဓိပ္ပါယ်ကို ရှင်ဘုရင်အားမဟောမပြောနိုင်သောကြောင့်၊ဗေလရှာဇာမင်းကြီးသည်အလွန်စိတ်ပူပန်ခြင်း၊မျက်
နှာတော်ညိုးငယ်ခြင်းရှိ၍၊မှူးတော်မတ်တော်တို့သည် မှိုင်လျှက်နေကြ၏။
ထိုအခါမယ်တော်မိဘုရားသည် ရှင်ဘုရင်၏စကား၊မှူးမတ်တို့၏ စကားကိုကြားသိလျှင် ပွဲတော်သို့ ၀င်၍၊အ
ရှင်မင်းကြီး၊အသက်တော်အစဉ်အမြဲရှင်ပါစေ။စိတ်တော်ပူပန်ခြင်းမရှိပါနှင့်။မျက်နှာညိုးတော်မမူပါနှင့်။သန့်
ရှင်းသောဘုရားသခင်၏၀ိညာဉ်တော်နှင့်ပြည့်စုံသောသူတယောက်သည် နိုင်ငံတော်တွင်ရှိပါ၏။ခမည်း
တော်ဘုရားလက်ထက်တော်၌၊ထိုသူတွင်ဘုရားပညာနှင့်တူသော ပညာဥာဏ်သတ္တိထင်ရှားလျှက်ရှိပါ၏။
ထိုသူကိုခမည်းတော်ဘုရားနေဗုခဒ်နေဇာမင်းကြီးသည် မာဂုပညာရှိ ဗေဒင်တတ် ၊ခါလဒဲဆရာ၊အနာဂတ္တိ
ဆရာတို့အပေါ်တွင် ဆရာအုပ်အရာ၌ခန့်ထားတော်မူ၏။ အကြောင်းမူကား၊အိမ်မက်အနက်ကိုဘတ်ခြင်း၊
နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း၊ပုစ္ဆာအမေးကိုဖြေခြင်းငှါ တတ်စွမ်းနိုင်သောဥာဏ်ပညာနှင့်တကွ၊ထူး
ဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလအမည်ရှိသောထိုသူတွင် ထင်ရှားလျှက်ရှိပါ၏။ဗေလတရှာဇာဟူသော
ဘွဲ့နာမကိုလည်း၊ရှင်ဘုရင်ပေးသနားတော်မူ၏။ထိုဒံယေလကို ခေါ်တော်မူလျှင် အနက်ကိုဟောပြောပါ
လိမ့်မည်ဟုလျှောက်သော် ဒံယေလကိုအထံတော်သို့ခေါ်သွင်းလေ၏။ရှင်ဘုရင်က ငါ့ခမည်းတော်ဘုရား
သည်ယုဒပြည်ကသိမ်းယူတော်မူခဲ့၍၊ယုဒလူစု၌ပါသော ဒံယေလမှန်သလော။သင်သည်ဘုရားသခင်၏
ဝိညာဉ်နှင့်အတူ၎င်း၊ထူးဆန်းသောပညာဥာဏ်သတ္တိတို့နှင့်၎င်း၊ပြည့်စုံသည်ဟု၊သင်၏သီတင်းကိုငါကြား၏။
ထိုစာကိုဘတ်၍အနက်ကိုငါ့အားဘော်ပြစေခြင်းငှါဗေဒင်တတ်ပညာရှိတို့ကို ငါ့ထံတော်သို့သွင်းသော်လည်း
သူတို့သည်အနက်ကိုမဘော်ပြနိုင်ကြ။သင်သည်အနက်များကိုဘော်ပြ၍ပုစ္ဆာအမေးတို့ကိုဖြေနိုင်သည်ဟု
ငါကြားပြီးသည့်အတိုင်း၊ထိုစာကိုဘတ်၍အနက်အားငါ့ကိုဘော်ပြနိုင်လျှင်၊အ၀တ်နီကိုဝတ်ဆင်၍လည်ပင်း
၌ရွှေစလွယ်ဆွဲလျှက်၊နိုင်ငံတော်တွင်တတိယမင်းဖြစ်ရလိမ်ါမည်ဟုမိန့်တော်မူ၏။
 ဒံယေလကလည်း၊ဆုတော်လာဘ်တော်ကို၊ကိုယ်တော်၌ရှိစေမူပါ။ပေးလိုသသောအရာများကိုအခြားသူ
အားပေးသနားတော်မူပါ။သို့သော်လည်း၊ရှေ့တော်၌ထိုစာကိုဘတ်၍အနက်ကိုဘော်ပြပါမည်။အရှင်မင်းကြီး၊
အမြင့်ဆုံးသသောဘုရားသခင်သည်ခမည်းတော်နေဗုခဒ်နေဇာမင်းကြီး၌ နိုင်ငံတော်နှင့်တကွရွှေဘုန်း
တော်မြတ်၊ဂုဏ်အသရေတော်ကို ပေးသနားတော်မူ၏။ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ်
ကြောင့်၊အရပ်ရပ်တို့၌နေ၍၊အသီးသီးအခြားခြားသော၊ဘာသာစကားကိုပြောသောလူမျိုးတကာတို့သည်
ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျှက်နေကြ၏။သတ်လိုသောသူတို့ကိုသတ်တော်မူ၏။အသက်ရှင်စေလို
သောသူတို့ကိုရှင်စေတော်မူ၏။ချီးမြောက်လိုသောသူတို့ကို ချီးမြောက်တော်မူ၏။နှိမ့်ချလိုသောသူတို့ကို
နှိမ့်ချတော်မူ၏။မာန်မာနစိတ်နှင့်ထောင်လွှားစော်ကားခြင်းရှိသောအခါ၊ဘုန်းတန်ခိုးကွယ်ပျောက်၍နန်း
တော်မှကျ၏။ လူသားစုထဲမှနှင်ထုတ်ခြင်းကိုခံ၍ တိရစ္ဆန်သဘောနှင့်ပြည့်စုံ၏။အမြင့်ဆုံးသောဘုရားသခင်
သည်လောကီနိုင်ငံကိုအုပ်စိုး၍၊အလိုရှိသောသူတို့အား၊အပ်တော်မူသည်ကို၊မသိမမှတ်မှီတိုင်အောင်
မြည်းရိုင်းတို့နှင့်ပေါင်းဘော်လျှက်၊နွားကဲ့သို့မြက်ကိုစားလျှက် မိုဃ်းစွတ်ခြင်းကိုခံ၍နေရ၏။
  အရှင်သားတော်ဗေလရှာဇာ၊ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကိုသိသော်လည်း၊စိတ်နှလုံးကိုမနှိမ့်ချဘဲ
ကောင်းကင်ဘုံ၏အရှင်ကိုဆန့်ကျင်ဘက်ပြု၍ဗိမာန်တော်၏ဖလားတို့ကို ရှေ့တော်သို့ ယူခဲ့စေ၍၊ကိုယ်တော်
တိုင်မှစသောမှူးတော် မတ်တော် မိဖုရား မောင်းမမိဿံတို့သည်ထိုဖလားတို့နှင့်စပျစ်ရည်ကိုသောက်ကြ
ပြီတကား။မျက်စိမမြင် နားမကြား၊အဘယ်အရာကိုမျှမသိသောငွေဘုရားေ၇ွှဘုရား ကြေးဝါဘုရား သံဘုရား
သစ်သားဘုရား ကျောက်ဘုရားတို့ကိုချီးမွမ်း၍ကိုယ်တော်၏အသက်သခင်တည်းဟူသော ကိုယ်တော်၏
အမှုအလုံးစုံတို့ကိုစီရင်ပိုင်တော်မူသောဘုရားသခင်ကိုမချီးမွမ်းဘဲနေပါပြီတကား။ထို့ကြောင့်လက်ဖျားကိုစေ
လွှတ်၍ထိုစာကိုရေးစေတော်မူ၏။စာချက်ဟူမူကား၊မေနေမေနေ၊တေကလ၊ဖေရက်ဟုအက္ခရာတင်လျှက်ရှိ၏။
မေနေ၏ အနက်အဓိပ္ပါယ်ကား၊ကိုယ်တော်၏နိုင်ငံကိုဘုရားသခင်ေ၇တွက်၍ဆုံးမတော်မူ၏။တေကလ ၏
အနက်အဓိပ္ပါယ်ကား၊ကိုယ်တော်ကိုချိန်ခွင်နှင့်ချိန်၍လျှော့ကြောင်းကိွုေ့မြင်တော်မူ၏။ဖေရက်၏အနက်အဓိ
ပ္ပါယ်ကား၊နိုင်ငံတော်ကိုခွဲဝေ၍၊မေဒိလူ၊ပေရသိလူတို့အား၊အပ်ပေးတော်မူ၏ဟုဆိုလိုသတည်းဟုဒံယေလ
သည် အထံတော်၌ပြန်၍ ပြန်ကြားလျှောက်ထား၏။ထိုအခါဗေလရှာဇာ မင်းကြီးမိန့်တော်မူသည့်အတိုင်း၊
ဒံယေလကိုအ၀တ်နီဝတ်ဆင်စေ၍လည်ပင်း၌ရွှေစလွယ်ဆွဲပြီးမှ ၊နိုင်ငံတော်တွင် တတိယမင်းဖြစ်သည်
ဟု မြို့ကိုလည်၍ဟစ်ကြော်ကြ၏။
  ထိုညဥ့်၌ပင် ခါလဒဲရှင်ဘုရင်ဗေလရှာဇာမင်းသည် အသက်ဆုံး၍ မေဒိအမျိုးဒါရိမင်းသည် အသက်ခြောက်
ဆယ်နှစ်နှစ်တွင်နိုင်ငံတော်ကိုသိမ်းယူတော်မူ၏။ဒံယေလအနာဂတ္တိကျမ်း ၅း၁-၃၁။
 ထိုသို့ဒံယေလသည်ဒါရိမင်းကြီးလက်ထက်၌၎င်း၊ပေရသိအမျိုးကုရုမင်းကြီးလက်ထက်၌၎င်း၊ကောင်းစား
လျှက်နေ၏။ ဒံယေလအနာဂတ္တိကျမ်း ၆း၂၈။
 ယေရမိဆင့်ဆိုသောထာဝရဘုရား၏ အမိန့်တော်ကိုပြည့်စုံစေခြင်းငှါ ပေရသိရှင်ဘုရင် ကုရုနန်းစံပဌမနှစ်
တွင်၊ထာဝရဘုရားနှိုးဆော်တော်မူသောအားဖြင့်၊ထိုရှင်ဘုရင်သည် အမိန့်တော်စာကိုထုတ်ပြီးလျှင်၊ပေရသိ
နိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည်ကား၊ကောင်းကင်ဘုံ၏အရှင်၊
ဘုရားသခင် ထာဝရဘုရားသည်မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို၊ငါ့အားပေးတော်မူသည်ဖြစ်၍၊ယုဒ
ပြည် ယေရုရှလင်မြို့၌ အိမ်တော်ကိုငါတည်ဆောက်ရမည်အကြောင်း မှာတော်မူပြီ။ ဧဇရမှတ်စာ ၁း၁-၂။

 မှတ်ချက်။  ။ဗေလရှာဇာမင်းကြီး၏ ကျော်စောသောစားပွဲတော်ကြီးညဥ့်၌ မေဒိပေရသိလူတို့သည်
ဗာဗုလုန်နိုင်ငံကိုအောင်မြင်လေ၏။ဤကဲ့သို့ရွှေဦးခေါင်းဟူ၍ ဖေါ်ပြသောနိုင်ငံသည် လွန်ခဲ့၍ မမြတ်သော
နိုင်ငံ(မေဒိပေရသိ လူမျိုး) အုပ်စိုးစပြုသည်။၎င်းနိုင်ငံသည်ခရစ်တော်မပေါ်ထွန်းမှီ ၅၃၈-၃၃၁ အထိ
က မ္ဘ္ဘကို အုပ်စိုးခဲ့၍ မိမိအလှည့်ကျသောအခါ မြေကြီးတပြင်လုံးကိုအုပ်စိုးရမည်ဖြစ်သော ကြေးဝါ၏
တတိယနိုင်ငံ (ဟေသလလူမျိုး) အားဖြင့် ဖျက်ဆီးခြင်းကိုခံခဲ့ရ၏။

၁၀။ သံခြေထောက်၏အနက်အဓိပ္ပါယ်တည်းဟူသော စတုတ္ထ နိုင်ငံသည်ဘာနိုင်ငံမျိုးဖြစ်သနည်း။ 
  စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသောနိုင်ငံဖြစ်လိမ့်မည်။သံသည်အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့နိုင်
သကဲ့သို့ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကိုပြု လိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၂း၄၀။
 မှတ်ချက်။  ။ခရစ်တော်မပေါ်ထွန်းမှီ သက္ကရာဇ်၃၃၁-၁၆၈ တိုင်အောင် ဟေသလနိုင်ငံသည်မိမိတို့ဘုရင်
အသီးသီးတို့ လက်အောက်၌ က မ္ဘာကိုအုပ်စိုးခဲ့လေသည်။ထို့နောက်သံနိုင်ငံတည်းဟူသော ရောမနိုင်ငံ
သည်ဟေသလနိုင်ငံအစားဝင်၍ က မ္ဘာကိုအုပ်စိုးလေသည်။

၁၁။ ရုပ်တု၏ခြေနှင့်ခြေချောင်းတို့သည် သရွတ်တပိုင်း၊သံတပိုင်း ရှိသည်ကို ဘာဆိုလိုသနည်း။
 ရုပ်တု၏ခြေနှင့်ခြေချောင်းတို့သည် သရွတ်တပိုင်းသံတပိုင်း ရှိသည်ကိုမြင်တော်မူသည့်အတိုင်း အချင်းချင်း
ကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။သို့သော်လည်းဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်
ဖြစ်၍ သံသည်ခိုင်မာခြင်းသတ္တိရှိလိမ့်မည်။ ဒံယေလ အနာဂတ္တိကျမ်း ၂း၄၁။

၁၂။ ခြေတွင်သရွတ်နှင့်သံ ရောနှော၍ ရှိခြင်းသည် နိုင်ငံများတို့တွင် အဘယ်အကြောင်းအရာကို အစဉ်
မပြတ် မဖြစ်စေခြင်းငှါ တားမြစ်သနည်း။
  ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်နှင့်လျှော်စွာ နိုင်ငံသားတို့သည် အခြားသော
လူမျိုးသားတို့နှင့် ပေါင်းဖော်ကြလိမ့်မည်။သို့သော်လည်း သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့ သူတို့သည်
အချင်းချင်းပေါင်းဖော်၍ မသင့်နိုင်ကြ။ ဒံယေလအနာဂတ္တိကျမ်း ၂း၄၃။
  မှတ်ချက်။  ။ရောမနိုင်ငံသည် က မ္ဘာပေါ်တွင် ရှိနိုင်ငံများတို့ကို အုပ်ချုပ်ခြင်း၌ နောက်ဆုံးသောနိုင်ငံဖြစ်
သည်။တန်ခိုးကြီးသောရှင်ဘုရင်များနှင့်စစ်ဗိုလ်ကြီးများတို့သည် နိုင်ငံများတို့ကိုဘုရင်တပါးတည်းလက်
အောက်၌ရှိစေခြင်းငှါ ကြိုးစားကြသော်လည်း အထမမြောက်နိုင်ကြ။ (နိုင်ငံသားတို့သည် အခြားသော
လူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်) ဆိုသောစကားသည် နိုင်ငံတို့ကိုအုပ်စိုးသော ဘုရင်အသီးသီး မိမိတို့၏ သားသမီးများကို အချင်းချင်းတဦးနှင့်တဦး ထိမ်းမြားပေးစားခြင်းပြုလုပ်ခြင်းကိုဆိုလိုသည်။

၁၃။ "ထိုမင်းကြီးများလက်ထက် " ဘာဖြစ်မည်ဟု ဘုရားသခင်မိန့်မွက်တော်မူသနည်း။
သို့သော်လည်း သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့၊သူတို့သည်အချင်းချင်းပေါင်းဘော်၍မသင့်နိုင်။ 
လက်နှင့်မထုမလုပ်ဘဲ ကျောက်တလုံးသည် တောင်ပေါ်ကအလိုလိုပဲ့ကွာ၍ ၊သံ၊ကြေးဝါ၊သရွတ်၊ငွေ၊ရွှေ
တို့ကို၊ချိုးဖဲ့သည်ကို မြင်တော်မူသည်။အကြောင်းအရာမှာ ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတခုကို
ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ထိုနိုင်ငံ
သည် အခြားသောလူမျိုးလက်သို့ မရောက်ရဘဲ ၊အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကိုချိုးဖဲ့ဖျက်ဆီး၍
အစဉ်အမြဲတည်ထောင်လိမ့်မည်။ထိုသို့နောင်၌ ဖြစ်လတံ့သော အရာတို့ကိုကြီးမြတ်တော်မူသော 
ဘုရားသခင်သည်အရှင်မင်းကြီးအား ကြားပြောတော်မူ၏။အိမ်မက်တော်ရွှေ့လျော့ခြင်းမရှိ။အနက်သည်
မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။ ဒံယေလအနာဂတ္တိကျမ်း ၂း၄၄-၄၅။
 မှတ်ချက်။  ။ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ကျောက်နိုင်ငံကို
တည်ထောင်မည်ဆိုသောကြောင့်ခရစ်တော်ပထမပေါ်ထွန်းသောလက်ထက်၌ ထိုနိုင်ငံကို 
မတည်ထောင်နိုင်။

၁၄။ သခင်ဘုရား၏ဆုတောင်းချက်တွင် ဘယ်အပိုင်း၌ ဤနိုင်ငံတော်သည် မတည်ထောင်သေးကြောင်းကို 
ဖေါ်ပြသနည်း။
  ထို့ကြောင့်သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ကိုယ်တော်၏
နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်၊နိုင်ငံတော်တည်ထောင်ပါစေသော။
ရှင်မဿဲခရစ်ဝင် ၆း၉-၁၀။

၁၅။ ခရစ်တော်၏နိုင်ငံတည်ထောင်သောအခါ အခြားနိုင်ငံတို့သည် အဘယ်ကဲ့သို့ဖြစ်ကြလိမ့်မည်ကို
ဘုရားသခင်သည် အဘယ်သို့မိန့်မွက်ထားတော်မူသနည်း။
 သို့သော်လည်း သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့၊သူတို့သည်အချင်းချင်းပေါင်းဘော်၍မသင့်နိုင်။
ဒံယေလအနာဂတ္တိကျမ်း ၂း၄၄။
ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျှက်ရှိသည်ကို ငါမြင်လျှင်မြင်းဖြူရှိ၏။မြင်းစီးသောသူသည် သစ္စာဟူ
သောအမည်၊သမ္မာဟူသောအမည်ရှိသတည်း။ထိုသူသည်တရားသဖြင့်စီရင်တတ်၏။တရားသဖြင့်စစ်တိုက်
တတ်၏။မျက်စိတော်သည်မီးလျှံကဲ့သို့ဖြစ်၏။ခေါင်းတော်ပေါ်၌ သရဖူများကိုဆောင်း၏။ကိုယ်တိုင်မှတပါး
အဘယ်သူမျှမသိသော နာမတော်သည်ရေးထားလျှက်ရှိ၏။အသွေး၌နှစ်ပြီးသောအ၀တ်ကိုဝတ်၏။ဘုရား
သခင်၏နှုတ်ကပါတ်တော်ဟူသော အမည်၇ှိ၏။ကောင်းကင်ဗိုလ်ချေတို့သည် မြင်းဖြူကိုစီးလျှက် ၊စင်ကြယ်
သောပိတ်ချောဖြူကိုဝတ်လျှက် နောက်တော်သို့လိုက်ကြ၏။လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့ ၊ထက်သောသန်
လျှက်သည်ခံတွင်းတော်ထဲက ထွက်၏။သူတို့ကိုသံလှံတော်နှင့် အုပ်စိုးတော်မူမည်။အနန္ဒတန်ခိုးနှင့်ပြည့်စုံ
တော်မူသောဘုရားသခင်၏ဒေါသအမျက်တာ်၏ စပျစ်သီးနယ်ရာ တန်ဆာကိုဖိနင်းတော်မူမည်။ဘုရင်တို့
၏ဘုရင်သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အ၀တ်တော်၌၎င်း၊ပေါင်တော်၌၎င်း၊ရေးထားလျှက်ရှိ၏။
  ကောင်းကင်တမန်တပါးသည်နေထဲမှာရပ်လျှက်ရှိသည်ကို ငါမြင်၏။ သူသည်မိုးကောင်းကင်အလည်၌
ပျံတတ်သောငှက်အပေါင်းတို့ကိုကြီးသောအသံနှင့်ခေါ်၍လာကြလော့။ရှင်ဘုရင်အသား၊စစ်သူကြီးအသား၊
သူရဲအသား၊မြင်းအသား၊မြင်းစီးသောသူအသား၊အစေခံကျွန်၊လူလွှတ်၊အကြီးအငယ်အမျိုးမျိုး၊သော၊လူတို့၏
အသားကိုစားအံ့သောငှါ ကြီးမြတ်တော်မူသော ဘုရားသခင်၏၊ပွဲတော်သို့စည်းဝေးကြလော့ဟု၊ဟစ်ကြော်
၏။သားရဲမှစ၍လောကီရှင်ဘုရင်တို့နှင့်သူတို့၏ဗိုလ်ချေများတို့သည်မြင်းစီးတော်မူသောသူနှင့်ဗိုလ်ချေတော်
ကိုစစ်တိုက်ခြင်းငှါ၊စည်းဝေးကြသည်ကိုငါမြင်၏။သားရဲကိုဘမ်းမိကြ၏။သားရဲ၏တံဆိမ်လက်မှတ်ကိုခံ၍
သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကိုပြုတတ်သော မိစ္ဆာပရောဖက်
ကိုလည်းဘမ်းမိကြ၏။အသက်ရှင်လျှက်ရှိသောထိုသူနှစ်ဦးကို ကန်ုဖြင့်လောင်သောမီးအိုင်ထဲသို့ ချပြစ်ကြ
၏။ကြွင်းသောသူတို့ သည်မြင်းစီးတော်မူသောသူ၏ခံတွင်းတော်ထဲကထွက်သောသန်လျှင်နှင့်ကွက်မြက်ခြင်း
ကိုခံရကြ၏။သူတို့၏အသားကို ငှက်အပေါင်းတို့ သည်ဝစွာစားရကြ၏။ ဗျာဒိတ်ကျမ်း ၁၉း၁၁-၂၁။
ထို့ကြောင့်၊သင်သည်ပရောဖကိပြုလျှက်သူတို့အားဟောပြောရသောစကားများဟူမူကားထာဝရဘုရားသည်
မြင့်သောအရပ်ကကြွေးကြော်တော်မူမည်။သန့ရှင်းသောဘုံဗိမာန်တော်က အသံကိုလွှင့်တော်မူမည်။
ကျိန်းဝပ်တော်မူရာအရပ်ဌာနတဘက်၌ပြင်းစွာကြွေးကြော်တော်မူမည်။စပျစ်သီးကိုနင်းနယ်သူများအော်ဟစ်သံ
ကဲ့သို့မြေကြီးသားများတဘက်၌အော်ဟစ်တော်မူမည်။မြေကြီးစွန်းတိုင်အောင်အသံနှံ့ပြားလိမ့်မည်။ထာဝရ
ဘုရားသည်လူအမျိုးမျိုးတို့နှင့်တရားတွေ့စရာအကြောင်းရှိ၍ခပ်သိမ်းသောသတ္တ၀ါတို့ကိုအမှု လုပ်တော်
မူမည်။ဆိုးသောသူတို့ကိုထားနှင့်ကွပ်မျက်စေခြင်းငှါ အပ်တော်မူမည်ဟုထာဝရဘုရားမိန့်တော်မူမည်။
ကောင်းကင်ဗိုလ်ချေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ဘေးသည်တပြည်မှတပြည်ကူးသွားလိမ့်မည်။
မြေကြီးစွန်းအနားတို့မှပြင်းစွာသောလေပြေထလိမ့်မည်။ထိုအခါ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကို
ခံရသောသူတို့သည်မြေကြီးတဘက်မှတဘက်တိုင်အောင်နှံ့ပြားကြလိမ့်မည်။သူတို့ကိုမမြည်တမ်းရ။မြေပေါ်
မှာမစင်ကဲ့သို့ဖြစ်လိမ့်မည်။ ယေရမိအနာဂတ္တိကျမ်း ၂၅း၃၀-၃၃။ 

၁၆။ ဤကဲ့သို့အကြောင်းအရာဖြစ်ခဲ့ပြီလော။
အဖြေ။ မဖြစ်သေး။
မှတ်ချက် ။   ။ကျေးဇူးတော်နိုင်ငံနှင့် ဘုန်းတော်နိုင်ငံနှစ်ပါးရှိသည်။ယခု ကျွန်ုပ်တို့သည်ကျေးဇူးတော်
နိုင်ငံတွင်ရှိနေကြသည်။(လူအသွေးအသားသည်ဘုရားသခင်နိုင်ငံတော်ကို အမွေမခံနိုင်) (၁ ကော၁၅း၅၁)
 ဟုပါသောကြောင့်ဘုန်းတော်နိုင်ငံမတည်ထောင်နိုင်သေး။ဘုရားသခင်၏လူတို့သည်ထိုဘုန်းတော်
နိုင်ငံ၏အမွေခံအမွေစားသာဖြစ်ကြသေးသည်။ရှင်ယာကုတ် ၂း၅။ ထိုဘုန်းတော်နိုင်ငံမတည်ထောင်သေး
ကြောင်းဥပမာအားဖြင့်သခင်ဘုရားဖော်ပြလေသည်။ရှင်လုကာ ၁၉း၁၁-၁၂။သခင်ဘုရားဒုတိယအကြိမ်
ကြွလာတော်မူသောအခါမှ တည်ထောင်လိမ့်မည် ၂တိ ၄း၁။

၁၇။ထိုဘုန်းတော်နိုင်ငံတည်ထောင်သောအခါ မည်မျှတာရှည်စွာတည်ထောင်မည်နည်း။
သင်သည်ပဋိသန္ဒေစွဲယူ၍ သားယောက်ကျားကိုဘွားမြင်လိမ့်မည်။ထိုသားကိုယေရှုဖြင့်အမည်မှည့်ရမည်။
ထိုသားသည်ကား ကြီးမြတ်သောသူဖြစ်လိမ့်မည်။အမြင့်ဆုံးသောဘုရား၏သားတော်ဟုခေါ်ဝေါ်သမုတ်
ခြင်းကိုခံရလိမ့်မည်။သူ့အဘဒါဝိဒ်၏ ရာဇပုလ္လင်ကိုထာဝရအရှင်ဘုရားသခင်သည်သူ့အားပေးတော်မူမည်။
ထိုသူသည်လည်းယာကုတ်အမျိုးအနွယ်ကိုအစဉ်မပြတ်အုပ်စိုးလိမ့်မည်။သူ၏နိုင်ငံသည်လည်းဆုံးခြင်းမရှိရ
ဟုပြောဆိုသည်။ ရှင်လုကာခရစ်ဝင် ၁း၃၁-၃၃။
ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်းငါမြင်၏။အဘယ်သို့နည်းဟူမူကား ရှေးကောင်းကင်နှင့်ရှေးမြေ
ကြီးသည်ရွှေ့ သွားကြပြီ။ထိုအခါမှစ၍သမုဒ္ဒရာမရှိ။သန့်ရှင်းသောမြို့တည်းဟူသော ယေရှုရှလင်မြို့သစ်သည် 
မိမိခင်ပွန်းဘို့တန်ဆာဆင်သော သတို့သမီးကဲ့သို့ပြင်ဆင်လျှက် ဘုရားသခင်အထံတော်ကောင်းကင်ဘုံမှ
ဆင်းသက်သည်ကိုငါမြင်၏။ကောင်းကင်မှကြီးသောအသံကား ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ
၏။လူနှင့်အတူကျိန်းဝပ်တော်မူမည်။သူတို့သည်ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ဘုရားသခင်သည်ကိုယ်
တော်တိုင်သူတို့နှင့်အတူရှိနေ၍သူတို့၏ဘုရားသခင်ဖြစ်တော်မူရမည်။ဘုရားသခင်သည်သူတို့၏မျက်စ်၌
မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။နောက်တဖန်သေဘေးမရှိရ။စိတ်မသာညည်းတွားခြင်းအော်ဟစ်
ခြင်းပင်ပန်းခြင်းလည်းမရှိရ။ ဗျာဒိတ်ကျမ်း ၂၁း၁-၄။

၁၈။ ၎င်းနိုင်ငံကိုမည်သူအားပေးမည်နည်း။
ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက်ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသောဘုရား၏သန့်
ရှင်းသောအမျိုးသားတို့သည်ရကြလိမ့်မည်။ထိုဘုရားသခင်၏နိုင်ငံတော်သည်ထာဝရနိုင်ငံဖြစ်၏။မင်းကြီး
အပေါင်းတို့သည်တိုးဝင်၍ကျွန်ခံရကြလိမ့်မည်။ ဒံယေလအနာဂတ္တိကျမ်း ၇း၂၇။

၁၉။ ထိုနိုင်ငံကိုဝင်စားရန် ကျွန်ုပ်တို့ဘာပြုလုပ်ရမည်နည်း။
ထိုသို့အလိုငှါ သင်တို့သည် ယုံကြည်ခြင်း၌ သီလကို၎င်း၊သီလ၌ပညာကို၎င်း၊ပညာ၌ ကမဂုဏ်ချုပ်တီး
ခြင်းကို၎င်း၊ကာမဂုဏ်ချုပ်တီးခြင်း၌သည်းခံခြင်းကို၎င်း၊သည်းခံခြင်း၌ဘုရားဝတ်ကိုပြု၍မွှေ့ လျော်ခြင်း
ကို၎င်း၊ ထိုမွှေ့လျှော်ခြင်း၌ ညီအကိုစုံမက်ခြင်းကို၎င်း၊ညီအကိုစုံမက်ခြင်း၌ ခစ်ခြင်းမေတ္တာကို၎င်း၊အလွနိကြိုး
စားအားထုတ်၍ထပ်ဆင့်ကြလော့။အကြာင်းမူကားထိုပါရမီတို့ သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင် ၊ငါတို့သခင်
ယေရှုခရစ်ကိုသိကျွမ်းခြင်း မပြင်းရိစေခြင်းငှါ ၌၊အကျိုးမဲ့ မဖြစ်စ်စေခြင်းငှါ ၎င်း၊ပြုပြင်တတ်ကြ၏။ထိုပါရမီနှင့်
ကင်းသောသူများမူကားမျက်စိကန်း၏။ကိုယမျက်စိကိုယ်ပိတ်၏။မိမိအပြစ်ဟောင်းဆေးကြောခြင်းကို
မေ့လျှော့၏။ထို့ကြောင့်ညီအကိုတို့  သင်တို့ ခံရသော ခေါ်တော်မူခြင်းနှင့် ရွှေးချယ်တော်မူခြင်းကိုတည်
မြဲစေခြင်းငှါသာ၍ကြိုးစားအားထုတ်ကြလော့။သို့ ပြုလျှင် ရွှေ့ လျှားခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်``င
ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်းအခွင့်ကို
သင်တို့အားကြွယ်ဝစွာ ပေးသနားတော်မူလတ္တံ့ ။ ရှင်ပေတရုသြ၀ါဒစာ ဒုတိယစောင် ၁း၅-၁၁။

ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏

The Ten Commandments Today the Decalogue is being forcibly removed from schools, government institutions and other public places. Havi...